သူ့အတွက် အရမ်းကို တန်ဖိုးထားရပါတယ်တဲ့။

တိုင်ရွန်ဟာ ရုပ်ရှင်သမိုင်းပြတိုက်မှာ အမျိုးသားသရုပ်ဆောင်တွေအဖြစ် အမှတ်တရဓာတ်ပုံလေးတွေ ထားရှိတဲ့နေရာမှာ သူ့ရဲ့ ဓာတ်ပုံလည်း ပါဝင်ခွင့်ရခဲ့လို့ ဝမ်းသာနေတယ်လို့ဆိုပါတယ်။ 

Photo: Tyron



တိုင်ရွန်ကတော့ ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ ရုပ်ရှင်သမိုင်းပြတိုက်မှာ ပါဝင်ထည့်သွင်းထားတဲ့ သူ့ရဲ့ ဓာတ်ပုံလေးကြောင့် အရမ်းပီတိဖြစ်ရတယ်လို့ဆိုပါတယ်။ ဒီအမှတ်တရလေးကိုလည်း တန်ဖိုးထားတယ်လို့ ပြောပါတယ်။ 

" ရုပ်ရှင်နှစ်တစ်ရာ ပြည့်အတွက် ရုပ်ရှင်အစည်းရုံးမှာ ပြင်ဆင်ဘုတ်တွေထောင်ထားတာ ဒီပုံလေးကို ညီလေး Ar Kar ပို့လာတာ အရမ်းပျော်သွားတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ဗျာ ကျွန်တော်ကျေနပ်တယ်။ သေးသေးလေး ကအစအရမ်းလည်းတန်ဖိုးထားတယ်။ တခြားလူတွေတွက်ဘာမှမဟုတ်ပေမဲ့ ကျွန်တော့် အတွက်တော့ ဒီစာရင်းလေးထဲဝင်ခဲ့ပြီ ပရိသတ်အားလုံးကိုလေးစားလျက်" ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ညနေ (၅) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်ကို ဝါသနာကြီးလွန်းသူ ဖြစ်တာကြောင့် ကျရာ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။ တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားပြီး ရုံတင်ပြသခဲ့ပြီးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ချိုးရုပ်၊ အခမ်းနားဆုံးမေတ္တာ ၊ သတိအန္တရာယ်ရှိသည် ၊ တစ်ခုလပ် စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က