သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

မိုးဟေကိုက ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်နေသူဖြစ်တာကြောင့် ရုပ်ရှင်ရုံတွေ လတ်တလော ပိတ်လိုက်ရတဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Li John



မိုးဟေကိုဟာ လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးစီးနေတာဖြစ်ပါတယ်။ အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတဲ့အပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာလည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ ပိတ်မယ်ဆိုလည်း မြန်မြန်ဆန်ဆန်ပေါ့ လူစုလူဝေးတွေ မဖြစ်တာ အကောင်းဆုံးပါပဲ။ မပိတ်သေးတာတွေရှိမယ်ဆိုရင်လည်း ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ပြောချင်ပါတယ်” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က “ငါ၏ အမိန့်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Moe Hay Ko

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: A Linn Yaung

မိုးဟေကိုဟာ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ ရုံတင်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိသလို ရုံတင်ပြသဖို့အတွက် တန်းစီနေရတဲ့ ဇာတ်ကားတွေလည်း ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ 

“အစ်မတို့ ရုပ်ရှင်ထုတ်လုပ်ရေးကနေ စုစုပေါင်း ဇာတ်ကား ၁၁ ကားရိုက်ထားတယ်။ ရုံတင်ဖို့ ၃ ကားလောက်ကျန်သေးတယ်။ နောက်ထပ်လည်း ဇာတ်လမ်းမတူ၊ ကာရိုက်တာမတူတဲ့ ဇာတ်ကားတွေလည်း ထပ်လာဦးမှာပါ။ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းအပေါ် လိုက်နိုင်အောင်လို့တော့ ကြိုးစားနေတာပဲ။ ရုပ်ရှင်တွေ ရုံတင်ဖို့ ကြန့်ကြာနေတယ်ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ ထုတ်လုပ်သူတိုင်း ကြုံတွေ့နေရတာပဲဆိုတော့ အဆင်ပြေပါတယ်” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က