အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။

ညီနန္ဒကတော့ အနုပညာအလုပ်တွေကို ဒုတိယအကြိမ် ပြန်လုပ်ချိန်ကနေ အခုထိ ဘုရား၊ တရား အလုပ်နဲ့ ပတ်သက်ပြီး တစ်နေ့မှ မပြတ်ခဲ့ဘူးလို့ ဆိုပါတယ်။ 

photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒကတော့ ၂၀၁၇ ခုနှစ်က စပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆုပန်ထွာတို့ ဇနီးမောင်နှံ နှစ်ယောက်က သူ့အတွက် ခွန်အားတစ်ခု ဖြစ်လာခဲ့တယ်လို့ Duwun ကနေပြောပြလာပါတယ်။ 

“အနုပညာအလုပ်တွေ ပြန်လုပ်တော့ သူနဲ့ အတူတူရိုက်ရတဲ့ အချိန်မှာ ဆုပန်ထွာရော၊ သူ့ခင်ပွန်းရော၊ ခွန်အားတွေ အရမ်းပေးတယ်။ ပဌာန်းပါဋိတော်တွေ၊ မဟာသမယသုတ်တွေ ရွတ်နိုင်အောင် သူ ပေးခဲ့တယ်။ သူပြောတဲ့ စကားတစ်ခွန်း ကျွန်တော် မမေ့နိုင်သေးဘူး။ “ကိုကြီး ဖုန်းထဲမှာရှိပြီးတော့ ကိုကြီး မရွတ်ဖြစ်ဘူးဆိုရင်..” နောက်ဆက်မပြောတော့ဘူး။ကိုကြီး ဖုန်းထဲမှာရှိပြီးတော့ ကိုကြီး မရွတ်ဖြစ်ဘူးဆိုရင်..အကုသိုလ်ဖြစ်နိုင်တယ် လို့ ကိုယ့်ဘာသာကိုယ်တွေးပြီး အဲဒီကတည်းကနေ ရွတ်တာ အခုချိန်ထိ တစ်နေ့မှ မပြတ်သွားဘူး” လို့သူကဆိုပါတယ်။ 

photo: Nyi Nanda

ညီနန္ဒနဲ့ ဆုပန်ထွာတို့ အနုပညာမောင်နှမရဲ့ ခင်မင်မှု သက်တမ်းက အခုဆိုရင် နှစ်ပေါင်း(၂၀) ကျော်လာပြီလို့ သိရပါတယ်။ ညီမအရင်းတစ်ယောက်လို ခင်မင်ရတဲ့ ဆုပန်ထွာရဲ့ အောင်မြင်မှုကိုလည်း ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ 

“ သူ့အပေါ် ဘယ်လိုမြင်သလဲဆိုရင် ဆုပန်ထွာသည် အနုပညာမှာ တကယ်ကိုထူးချွန် ထက်မြတ်တဲ့ အနုပညာရှင်တစ်ယောက်လို့ မြင်ပါတယ်။ အရမ်းခင်လို့ ဒီစကားဆိုခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်း(၂၀) ကျော် အခုချိန်ထိကို ပရိသတ်အရှေ့မှာ ရပ်တည်နေနိုင်တာကိုက သူ့ရဲ့ အရည်အချင်းလို့ ကျွန်တော် မြင်ပါတယ်။ ဆုပန်ထွာနဲ့ အလုပ်တွဲလုပ်ခဲ့ရတဲ့ မှတ်မှတ်ရရဆိုလို့ ပျော်ရွှင်စရာ သရုပ်ဆောင်ကမ္ဘာဆိုတဲ့ အစီအစဉ် လေးပေါ့နော်။ အဲဒီတုန်းက အရမ်းပျော်ဖို့ကောင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မောင်နှမအရင်းလိုပဲ ချစ်ခင်ကြတော့ သေချာ တိုက်ထားစရာမလိုအောင် စကားတွေ အပြန်အလှန်ပြောခဲ့ရတာ အဲဒီအချိန်လေးတွေ ပြန်တွေးမိရင် တကယ်ပျော်တယ်” ဆိုပြီးတော့ အဆိုတော်စိန်လင်း(Aroma) ရဲ့ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

photo: Nyi Nanda

ညီနန္ဒက ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က