အူဝဲတစ်ယောက် ဘယ်လိုတွေတောင် လွဲလဲ။
Sabal Thwin

ခင်လှိုင်က အိန္ဒြာကျော်ဇင် တစ်ယောက် ရုပ်ရှင်ထဲမှာမဟုတ်ပဲ အပြင်လောကမှာ လွဲတတ်တဲ့ ဟာသလေးတွေကို ပြောပြလာပါတယ်။ မာန်မာန မကြီးတဲ့ မင်းသမီးပါလို့လည်း သူကဆိုပါတယ်။

Photo: Gin Party

ဦးခင်လှိုင်ကတော့ ပရိသတ်အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အူဝဲ မင်းသမီး စလုပ်ကတည်းက ဇာတ်ကားတွေ အတူတူရိုက်လာရတဲ့အခါမှာ သူမရဲ့ စိတ်ဓာတ်ကို ပိုပြီးသိလာတယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူကိုယ်တိုင်ကလည်း အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ပဲနေတယ်။ အူဝဲကို ကြည့်လိုက်ရင် မှိုင်တွေပြီး ငေးမောနေတာကို သူငယ်ငယ်လေးကတည်းက မမြင်ဖူးဘူး။ သူ မင်းသမီး စဖြစ်ကတည်းက ဦးခင်လှိုင်တို့နဲ့ ဆုံခဲ့တာဆိုတော့ ကိုယ့်ညီမ၊ ကိုယ့်တူမလိုပါပဲ။ သူက ခေါ်ရင်လည်း ဦးခင်လှိုင်ရေ ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက ခေါ်ခဲ့တာ။ တစ်ခါတလေကျရင် ကိုယ်က တွေးနေရင်လည်း တည်တည်ကြီးမနေနဲ့ ရယ်စရာပြောပေါ့။ သူက အမြဲတမ်းပျော်ရွှင်နေတတ်တဲ့သူတစ်ယောက်ပါ’’ လို့ သူကဆိုပါတယ်။

Photo: Gin Party

အဲဒီနောက် ကြေးအိုးဆိုင်က အူဝဲရဲ့ အလွဲ တစ်ခုကိုလည်း ဦးခင်လှိုင်က ပြန်လည်ပြောပြလာပါသေးတယ်။ အူဝဲကြောင့် အမျိုးတွေလည်း ကြေးအိုးတောင် မစားခဲ့ရပါဘူးတဲ့။

‘’ အူဝဲက သူ့ဘာသာသူလည်း တစ်ချိန်လုံးလွဲနေတာ သူ့အလွဲတွေ ပြန်ပြောတာကိုက မကုန်နိုင်လောက်အောင်ပဲ တော်တော်များများရှိတယ်။ ပရမ်းပတာဖြစ်တာပေါ့နော်။ မှတ်မှတ်ရရလေး တစ်ခုပြောပြမယ်ဆိုရင် သူတို့ မိသားစုဖြစ်တာပေါ့။ အန်တီမာရယ်၊ သူတို့ သားအမိတွေရယ်၊ သူတို့ ညီအစ်မ ဝမ်းကွဲတွေရယ် ကြေးအိုးဆိုင်သွားထိုင်တယ်။ ခပ်တည်တည်နဲ့ သူက ပြောတယ် မောင်လေး မောင်လေးတဲ့ အစ်မတို့က ကြက်နော်တဲ့။ သူ့ဘာသာသူပြောတာ ရှက်ပြီး ပြန်ထလာခဲ့ရော မစားခဲ့ရဘူး။ အဲဒီလို အလွဲတွေပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Khin Hlaing

လက်ရှိမှာတော့ ဦးခင်လှိုင် နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ဇာတ်ကားတွေ အတူတူရိုက်နေရဆဲဖြစ်တဲ့ အနုပညာမောင်နှမတွေပါ။ မာနမကြီးတဲ့ မင်းသမီးချောလေးပါလို့လည်း သူကဆိုပါတယ်။

‘’ သူက အခုချိန်ထိလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်၊ ကလေးတွေအပေါ်မှာလည်း သူ ဂရုတစိုက်နဲ့ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် သူကိုယ်တိုင်တစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ လူငယ်တစ်ယောက်လို၊ ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာပဲနေတာပေါ့နော်။ ချစ်စရာလည်းကောင်းပါတယ်။ သူက လုံးဝ မာန မရှိဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့က ‘’ဂျင်ပါတီ’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Gin Party

ခင်လှိုင်နဲ့ အူဝဲတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကြီးကလည်း သြဂုတ်လ ၂၂ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။ ဒီဇာတ်ကားဟာ ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် လူမင်း၊ ရန်အောင်၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ခင်လှိုင်၊ ကေညီ နဲ့ ဂျိုကာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘’ဂျင်ပါတီ’’ဇာတ်ကားကိုတော့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။


က္က