''အိပ်မက်ကာရံ''ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။
Sabal Thwin

‘’အိပ်မက်ကာရံ’’ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်နေမှုတွေကို နီနီခင်ဇော်က ပြောပြလာပါတယ်။ ပရိသတ်တွေကို အသိမပေးရသေးတဲ့ နာမည်ကြီး အဆိုတော် တစ်ဦးလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ကတော့ ‘’အိပ်မက်ကာရံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဇာတ်ကား မရိုက်ကူးခင်မှာကြိုတင်ပြင်ဆင်နေရတဲ့ အရာတွေကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ထုတ်လုပ်တဲ့နေရာမှာကတော့ အပိုင်းနှစ်ပိုင်းရှိတာပေါ့။ ငွေကြေးအားဖြင့် ထုတ်လုပ်တာရယ်၊ စိတ်ရောလူရော အရာရာဆောင်ရွက်တာရယ်ရှိတယ်။ ငွေကြေးအပိုင်းကတော့ 7Sense က အများကြီးပါဝင်ပေးတယ်။ နီနီကကျတော့ ဟိုးအစကနေ အဆုံးအထိပေါ့နော်။ အရာရာ အားလုံးကို Takecare လုပ်တဲ့သူအနေနဲ့ ပါဝင်ပေးတယ်။ ကိုယ့်ရဲ့ အသံသွင်းမဟုတ်ပဲ သူများ အသံသွင်းအလှည့်ကျရင်လည်း နီနီလိုက်ပေးတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့က Party Redvolution Show စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo; Amazing Grace

အဲဒီနောက် ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်တွေသာမက အဆိုတော်တွေကိုယ်တိုင်ကလည်း ပါဝင်သရုပ်ဆောင်သွားဦးမယ်လို့ နီနီခင်ဇော်က ပြောပါတယ်။

‘’ သရုပ်ဆောင်အတွက်ကတော့ အခက်အခဲတွေက ရှိမှာပေါ့။ ပိုသေချာတယ်။ ဒါပေမယ့် မကြောက်ကြပါဘူး။ နီနီတို့ အဆိုတော် အဖွဲ့တွေက အချင်းချင်းသိကြတာပဲလေ။ ကျန်တာတော့ သိပ်ပြီး မစဉ်းစားထားဘူး။ မလိုအပ်တဲ့ ဖိအားတွေကို ခေါင်းထဲ ထည့်မထားဘူး။ ဘယ်အရာမဆို နီနီ့ကို အကောင်းဆုံးလုပ်နိုင်အောင် တွန်းပို့ပေးတာကတော့ သီချင်းပါပဲ။ သီချင်းဖွင့်လိုက်ရင် အရာရာကို ရောက်ရှိသွားတာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Ni Ni Khin Zaw

‘’အိပ်မက်ကာရံ’’ရုပ်ရှင်ကားကြီးအတွက်တော့ နီနီခင်ဇော်က ပရိသတ်တွေကို လျှို့ဝှက်ချက် တစ်ခု ထားထားတယ်လို့ ပြောပါတယ်။ ဒါကတော့ ဒီဇာတ်ကားကြီးထဲမှာ ပါဝင်လာမယ့် နာမည်ကြီးအဆိုတော် တစ်ဦးရှိနေသေးတယ်လို့လည်း သူကဆိုပါတယ်။

‘’မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်ကို အိပ်မက်ကာရံ ရုပ်ရှင်ကားကြီးအတွက် အသံသွင်းပါတယ်။ အဲဒီနာမည်ကြီးအဆိုတော်က ဘယ်သူဖြစ်မလဲဆိုတာကတော့ လျှို့ဝှက်ချက်ပါ။ သူက အခုလက်ရှိမှာလည်း အရမ်းနာမည်ကြီးတယ်ဆိုတော့ သူက ဘယ်သူဖြစ်မလဲ၊ သူက ဘယ်ကာရိုက်တာမျိုးမှာ သရုပ်ဆောင်မှာလဲ။ အဲဒါကို ရင်ခုန်ပေးကြပါ’’ လို့ သူကဆိုပါတယ်။

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အ ဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က