သိန်း(၅၀)နဲ့ ဆုတံဆိပ်ကို ချီးမြှင့်သွားမှာပါ။

မြန်မာ့နိုင်ငံ ရုပ်ရှင်လောကသားတွေအတွက် အကယ်ဒမီဆုပေးပွဲကြီးအပြီးမှာ ပြုလုပ်ကျင်းပမယ့် နောက်ထပ် ဆုပေးပွဲတစ်ခု ပေါ်ထွက်လို့ လာခဲ့ပါပြီ။ အဲ့ဒါကတော့ Star Awards ဆုပေးပွဲကြီး ဖြစ်ပါတယ်။

Photo : the News sky



Star Award ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်သွားမှာပါ။ Star Awards 2018 ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်ကျင်းပတဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲအပြီး ဧပြီ(၅) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

Photo : Star Awards FB

အခုလိုမျိုး Star Awards ဆုပေးပွဲ ကျင်းပဖြစ်ပုံနဲ့ ပတ်သက်လို့ Star Awards ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းနေစိုးက Duwun Media သို့ ဖြေဆိုခဲ့ပါတယ်။

“ ဒါက ဆရာဦးမြတ်ခိုင်တို့ ဦးဝင်းငြိမ်းတို့ရဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)လောက်ကတည်းက စီစဉ်ခဲ့တာပေ့ါ။ အဲ့ဒီတုန်းကလည်း လူကြီးမကြိုက်လို့ မလုပ်ပါနဲ့ဆိုတာနဲ့ မလုပ်ဖြစ်ခဲ့တာတွေရှိတယ်။ အခုတော့ အားလုံး တိုင်ပင်ပြီး အခုလို ဆုချီးမြှင့်ပွဲကို လုပ်ဖြစ်တာပါ။ ၂၀၁၈ခုနှစ်ထဲမှာ ရုံတင်ဇာတ်ကား (၈၃) ကားရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ (၈၃) ကားစလုံး ကြည့်ဖို့ အဆင်မပြေတော့ ကျွန်တော့်တို့ ရွေးချယ်ရေး ကော်မတီဝင်တွေကနေ vote ပြန်ပေးတယ်။ ဆန်ခါတင်ကား(၂၁) ကားထွက်ခဲ့တယ်ပေ့ါ။ အဲ့ဇာတ်ကားတွေထဲကနေ ရွေးချယ်ပြီးဆု(၁၅)ဆုချီးမြှင့်သွားမှာပါ။ ဆုရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကပဲ မူဝါဒတွေ ဆုတွေ သတ်မှတ်တာတွေ လုပ်မှာပါ “ ဆိုပြီး သူက ပြောပြခဲ့တာပါ။


Photo : Star Awards FB

Star Awards 2018 ဆုပေးပွဲမှာတော့ ဆုရရှိတဲ့သူတွေအတွက် သိန်း(၅၀) နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။Star Awards 2018 ဆုပေးပွဲကြီးအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် ဇာတ်ကား ၂၁ ကားက “မုဒြာရဲ့ခေါ်သံ”၊ “ဇာတိမြေ”၊ ဥပါဒါန်၊ ငယ်ကျွန်၊မိုးပန်းပွင့်ရဲ့သင်္ကေတ၊ တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ၊ဝိဉာဉ်စိမ်း၊ အထူးတပ်ဖွဲ့၉၊ ချူဆီ၊ ရည်းစားတစ်ဝမ်းကွဲ၊ နောင်တွင်ဥဒါန်းတွင်စေသတည်း၊ တစ်ခုလပ်၊ အနမ်းဝိုင်၊ ရန်သူ၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ မီ၊ ကြက်ဂူ၊ ကိုယ်စောင့်နတ်၊ ရာဇဝင်ရိုင်းခဲ့သည်၊ ရိုက်စား၊ ဥပါယ်တံမျဉ် စတဲ့ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

Photo : Star Awards FB

အဆိုပါ ဇာတ်ကား (၂၁) ကားထဲကမှ ထူးချွန်ဆု (၁၅) ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးမှာ ပေးအပ်သွားမည့် ဆုတွေက Honourable Award၊ Story Award၊ Best Picture Award၊ Director Award၊ Actor In The Leading Role Award၊ Actress In The Leading Role Award၊ Actor In The Supporting Role Award၊ Actress In The Supporting Role Award၊ Photographer Award၊ Director Of Photography Award၊ Special Effects Award၊ Theme Song Award၊ Special Award၊ Popular Award(Male or Female)နဲ့ People’s Choice Award တို့ ဖြစ်ပါတယ်။

ရုပ်ရှင်ထူးချွန်ဆု (၁၅) ဆုအပြင် ပွဲနေ့တွင် နောက်ထပ် ဆု(၃) ဆု ထပ်မံ ရွေးချယ်ပေးအပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီဆုတွေက Evening Grown Award (Male and Female) ၊ Fashion Award ဆုတွေကို ပွဲနေ့တွင် ထပ်မံရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က