ဘာကြောင့်လက်လွှတ်ခဲ့ရတာလဲ။

ပိုင်တံခွန်ကတော့ လက်ရှိမှာ သင်ဇာဝင့်ကျော်နဲ့အတူ ခရီးသွားကောက်ကြောင်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အရင်တုန်းက ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရတာမျိုးတွေရှိတယ်လို့ဆိုပါတယ်


Photo: Pang Takon



မိန်းကလေးပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ဟာ အလုပ်တွေအရမ်းများတာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက် သူ့ရင်ထဲက ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောလာပါတယ်။

‘’ ဘယ်လိုမှတော့ မခံစားရပါဘူး။ ကျွန်တော်လက်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေက အများကြီးပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒါမရိုက်ရလို့၊ ဒါမရိုက်ရမှ ဆိုတာမျိုး စိတ်ထဲမှာ မရှိပါဘူး။ တကယ်လို့ ဒီဘက်မရလည်း နောက်တစ်ဖက်မှာ အလုပ်တွေက ဆက်နေတာဆိုတော့ အဲဒီအတွက် အရမ်းကြီး ဖီလင်မရှိဘူး။ ဇာတ်လမ်းကောင်းတယ်၊ ပရိသတ်ကိုချပြတဲ့အခါမှာ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်ဆုံးရှုံးလိုက်ရတဲ့အခါ နှမြောမိလိမ့်မယ်’’ လို့ သူကဆိုပါတယ်။

Photo: Pang Takon

ပိုင်တံခွန်ဟာ အနုပညာနဲ့ ပတ်သက်ပြီး မော်ဒယ်လောကမှာရော၊ တီဗီကြော်ငြာမင် းသားတစ်ယောက်အဖြစ်နဲ့ ပါ အောင်မြင်နေသူ တစ်ယောက်ပါ။ ကြော်ငြာတွေဆက်တိုက်ရိုက်နေရတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိတယ်လို့ နို့ဘီလူးရုပ်ရှင် အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

‘’ တော်တော်များတယ်ခင်ဗျ။ အခုနောက်ပိုင်း ကျွန်တော့်ကို ရုပ်ရှင်ကားတွေအတွက် ဒါရိုက်တာတော် တော်များများက ကျွန်တော့်ကို ကမ်းလှမ်းကြတယ်။ ကမ်းလှမ်းတဲ့အခါမှာ ရုပ်ရှင်မရိုက်ခင် ၅ လ ၆ လလောက်အလိုမှ ကမ်းလှမ်းကြတယ်’’ လို့ ဆိုပါတယ်။

Photo: Pang Takon

ပိုင်တံခွန်က လက်ရှိမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ ‘’ခရီးသွားကောက်ကြောင်း’’ ဇာတ်လမ်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ စီနီယာအနုပညာရှင်တွေနဲ့ လက်တွဲအလုပ်လုပ်ရတဲ့အခါ သရုပ်ဆောင်ပညာကို သင်ယူလေ့လာတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။

‘’ အထွေအထူး အခက်အခဲဆိုတာတော့ အများကြီးသိပ်မရှိပါဘူး။ ဒါပေမယ့် အသစ်ဆိုတော့ ပိုပြီးတော့ ကြိုးစားရတာပေါ့။ ကျွန်တော်တို့အလုပ်ရော၊ ဘယ်အလုပ်မဆို စီနီယာတွေဆီက အမြဲသင်ယူရတယ်။ သူတို့ဆီက ကောင်းတာ ဆိုးတာတွေကို ခွဲခြားပြီးတော့ သင်ယူရတာပေါ့’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Pang Takon

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက်ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က