'' ဂျင်ပါတီ'' ရုပ်ရှင်ကားဖြစ်ပါတယ်။

ရွှေအိမ်စည်က လက်ရှိမှာ ''ဂျင်ပါတီ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ရှိတယ်လို့ ဆိုပါတယ်. ဒီဇာတ်ကားထဲမှာ သူမ ပါဝင်ရမယ့် ကာရိုက်တာနဲ့ သူမရဲ့ ဇာတ်ကောင် အကြောင်းတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်.

ပရိသတ်အချစ်တော်မလေး ရွှေအိမ်စည် တစ်ယောက် နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို စီနီယာ အနုပညာရှင်တွေနဲ့ ရိုက်ကူးတော့မှာဖြစ်ပါတယ်. ဒီဇာတ်ကားကတော့ ''Jin Party'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်. ဒီ ဇာတ်ကားအပေါ် ရင်ခုန်သံကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်.



'' ဒါက အိမ်စည့်ရဲ့ ၄ ကားမြောက် ဇာတ်ကားကြီးပါ။ ကျန်တဲ့ဟာတွေကတော့ ရုံမတင်ရသေးဘူးပေါ့နော်။ ဆိုတော့ အိမ်စည် အရမ်း စိတ်လှုပ်ရှားပါတယ်. အိမ်စည် ဟာသကားတွေ ကြည့်လည်း ကြည့်တယ်၊ ကြိုက်လည်း ကြိုက်တယ်။ ပြီးတော့ တကယ်ရိုက်ရတော့မယ် ဆိုတော့ ကိုယ့်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်'' လို့ သူကဆိုပါတယ်.

''Jin Party'' ရုပ်ရှင်ဇာတ်ကားမှာတော့ နာမည်ကျော် သရုပ်ဆောင်များစွာ ပါဝင်သွားကြမှာဖြစ်ပါတယ်. ဒီ့အတွက် ရွှေအိမ်စည်ကလည်း သူ ပါဝင်သရုပ်ဆောင် ရမယ့် ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံးဖြစ်စေရမယ်လို့ ဂျင်ပါတီ ရုပ်ရှင်ကန်တော့ပွဲနေ့ က ပြောပြခဲ့ပါတယ်.

'' အိမ်စည် ရင်ခုန်ပါတယ် ရိုက်ရတာ ပျော်စရာကောင်းမယ်လို့လည်း ယုံကြည်ပါတယ်။ အိမ်စည့်ရဲ့ ကာရိုက်တာကတော့ ပေါ့ပေါ့ပါးပါး လူငယ်စတိုင်လ် ဂယက်ပေါ့နော်။ အိမ်စည်က ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး မရိုက်ဖူးဘူးပေါ့ အများကြီး လုပ်စရာတွေလည်းရှိသေးတယ်။ သင်ယူစရာတွေလည်း ရှိပါသေးတယ်'' လို့ ဆိုပါတယ်.

ရွှေအိမ်စည်ဟာ မကြာသေးခင်က  Miss Supranational 2018 ပြိုင်ပွဲကြီးကို ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက်မှာတော့ အနုပညာ ခြေလှမ်းအစအနေနဲ့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာပါ. ရှေ့ဆက်ပြီးတော့လည်း ရွှေအိမ်စည့်ကို သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ မြင်တွေ့ရဦးမှာဖြစ်ပါတယ်.

Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က