ငွေကျပ် သိန်း(၃၀)ပေးအပ်သွားမှာပါ။

အကယ်ဒမီဆုပေးပွဲကြီးအပြင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ နောက်ထပ် ဆုပေးပွဲကြီးတစ်ခုက Star Awards ဆုပေးပွဲကြီး ဖြစ်ပါတယ်။ ဒီ Star Awards ပွဲကြီးကို ဧပြီ(၅) ရက်နေ့မှာ ပြုလုပ်တော့မှာပါ။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star Awards ဆုပေးပွဲကြီးမှာ ရုပ်သံဇာတ်လမ်းတွဲတွေအတွက်ပါ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ယခင်က ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု ချီးမြှင့်ဖို့ ပြင်ဆင်ထားရာက အခုအခါမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအတွက် ဆု(၅)ဆု ထည့်သွင်းချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ဒီနေ့(မတ်လ၁၇ရက်)မှာ ပြုလုပ်တဲ့ Star Awards သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။



Star Awards Movie/ TV Series ဆုများပေးအပ်ခြင်း အစီအစဉ်တွင် ပေးအပ်မယ့် ဆုများမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင် (ကျား)၊သရုပ်ဆောင်(မ)နဲ့ အထူးဆုတို့ ဖြစ်ပြီး ဆုတစ်ဆုကို ငွေရောင်ဆုတံဆိပ်နှင့်ဆုကြေးငွေ ကျပ်သိန်း(၃၀) တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲအတွက် MRTV၊MWD၊ MRTV-4၊ Sky-Net တို့က ရုပ်သံဇာတ်လမ်းတွဲဆုအတွက် ဇာတ်လမ်းတွဲ(၁၁)တွဲ ပေးပို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Star Awards ပွဲတွင် ရုပ်ရှင်ထူးချွန်ဆုများအနေနဲ့ ဆု(၁၅)ဆု ရွေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးမှာ ပေးအပ်သွားမည့် ဆုတွေက Honourable Award၊ Story Award၊ Best Picture Award၊ Director Award၊ Actor In The Leading Role Award၊ Actress In The Leading Role Award၊ Actor In The Supporting Role Award၊ Actress In The Supporting Role Award၊ Photographer Award၊ Director Of Photography Award၊ Special Effects Award၊ Theme Song Award၊ Special Award၊ Popular Award(Male or Female)နဲ့ People’s Choice Award ဆိုပြီး ယခင်က ပေးအပ်ဖို့ စီစဉ်ထားပေမယ့် Photographer Award နဲ့ Director Of Photography Award ဆုနှစ်ဆုကို တစ်ပေါင်းတည်း သတ်မှတ်ပြီး Cinematography ဆုအဖြစ်ပြောင်းလဲသတ်မှတ်ပြီး ရုပ်ရှင်မျိုးဆက်သစ်ဆု(Rising Star) ဆုတစ်ဆုကိုပါ ထပ်မံ ထည့်သွင်းခဲ့ပါတယ်။

ရုပ်ရှင်ထူးချွန်ဆု ရရှိသူများအနေနဲ့ ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) ရရှိသွားမှာ ဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးကို ဧပြီ(၅) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိEvent Park တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က