အချစ်ရေး အကြောင်းကို ပြောပြလာပါတယ်။

ရဲတိုက်ကတော့ အခုချိန်မှာ အချစ်သီချင်းတွေ အရမ်းနားထောင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ရဲတိုက်ရဲ့ အချစ်ရေး သတင်းတွေကတော့ အရမ်းကို တည်ငြိမ်လွန်းလှပါတယ်။ သူ့အနေနဲ့ အချစ်ရေးအကြောင်းကို ဖွင့်ဟ ရမှာ ကြောက်နေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 



“ ကျွန်တော့်မှာလည်း အချစ်ရှိပါတယ်။ အချစ်မရှိရင် သေသွားမှာပေါ့။ အချစ်ရေးကတော့ တစ်ခါတလေမှာ ပြောလိုက်ရင် ပျက်စီးသွားမှာလည်း ကြောက်တယ်။ ကိုယ်ချစ်တာကို မပြောပဲနေတာလည်း ကောင်းပါတယ်။ကျွန်တော် ယုံကြည်ပါတယ် ဖူးစာက ဆန်းကြယ်တယ်" လို့ သူကဆိုပါတယ်။ 

လတ်တလောမှာတော့ ရဲတိုက်က အဆိုတော် G Fatt နဲ့ အမရာဘုန်း တို့ သီဆိုထားတဲ့ " ရွက်လှေ" သီချင်းကို အရမ်းကြိုက်နေတယ်လို့လည်း သူက ဆိုပါတယ်။ 

“ G Fatt က အချိန်တစ်ခုခုကို ခံစားသက်ဝင်ပြီးတော့ သီချင်းအဖြစ်ပြောင်းလဲလာ အရမ်းမြန်တယ်။ ပြီးတော့ အရမ်း Fair ဖြစ်တယ်။ သူ အဲဒီကောင်မလေးကို မမုန်းပါဘူး။ G Fatt ရဲ့ ဖြစ်တည်မှုက သူ့ဆီကို ရိုက်ခတ်မယ့် ဂယက်တွေကိုလည်း ခံနိုင်တယ်လို့ထင်တယ်။ ပြီးတော့ သူ့ အသံမှာ မာန်ပါတယ်။ ”လို့ သူက ဆိုပါတယ်။ 

ရဲတိုက်ဟာ ၂၀၁၇ ခုနှစ် အတွင်းမှာ ထောင်က လွတ်လာပြီးနောက်မှာ အာရုံကြောရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာ တစ်ခုကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာတဲ့ အချိန်မှာတော့ "ဒဏ္ဍာရီမိုး" ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် ရဲတိုက်အပါအဝင် ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူ့ အနေနဲ့ ရိုက်ကူးရေးတွေမှာ မီးထိုး၊ မှန်ထိုး ဒဏ်တွေကြောင့် အာရုံကြောရောဂါ ပြန်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။သူ့ကိုတော့ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ အနေနဲ့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က