တစ်ယောက်တည်းနေရတာ ကောင်းတယ်တဲ့။

အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်နဲ့ ဖူးစုံတို့ သူငယ်ချင်းနှစ်ယောက်က ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာ ဝါကြီးတဲ့ သက်မွန်မြင့်က သူငယ်ချင်းဖြစ်တဲ့ ဖူးစုံကို အိမ်ထောင်မပြုစေချင်ဘူးလို့ ဆိုပါတယ်။

Photo : RBV



အိမ်ထောင်ရေးမှာ ဖူးစုံထက် ဝါရင့်တဲ့ သက်မွန်မြင့်ကတော့ သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးဘူးလို့ဆိုပါတယ်။ သူငယ်ချင်း ဖြစ်သူကို ဘာလို့ အပျိုကြီး လုပ်စေချင်လဲဆိုတာကိုလည်း သေချာပြောပြထားပါသေးတယ်။

“ ဖူးစုံကို အိမ်ထောင်မပြုစေချင်သေးဘူး။ ဒီတိုင်းပဲ နေစေချင်တယ်။ တစ်ယောက်တည်း ဖြစ်တဲ့အခါကျတော့ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်ဘဝကို ကိုယ် ကိုယ့်လက်ထဲမှာ ကြိုက်သလို ဆေးခြယ်လို့ရတယ်။ နှစ်ဦးနှစ်ဖက် ပေါင်းပြီးဆိုရင် ကိုယ့်တစ်ယောက်တည်း သဘောဆန္ဒမဟုတ်တော့ဘူး။ ညှိနှိုင်းရတာတွေ ရှိတယ်။ နားလည်မှုတွေ ယုံကြည်မှုတွေ အများကြီး တည်ဆောက်ရတယ်။ နှစ်ယောက်က လက်တွဲညီညီနဲ့ လျှောက်လှမ်းနိုင်တယ်ဆိုရင်တော့ စိတ်ချမ်းသာစရာပေ့ါ။ အဲ့လိုမဟုတ်ဘူး ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူးဆိုရင် စိတ်ပင်ပန်းရမယ်။ သူတို့ကို အပူတွေနဲ့ဝေးရာ ဒီတိုင်းပဲနေလို့ပြောတာ” ဆိုပြီး သက်မွန်မြင့်က ဖေဖော်ဝါရီ(၂၂) ရက်နေ့က ပြုလုပ်တဲ့ သူထူးစံရဲ့ မင်္ဂလာပွဲမှာ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

အပြင်မှာ သူငယ်ချင်းတွေ ဆုံမယ်ဆိုရင်လည်း အိမ်ထောင်ရှိတဲ့ သူ့မှာ အကြောင်းပြချက်တွေများတယ်လို့ သက်မွန်မြင့်က ဆက်လက်ပြောပြခဲ့ပါတယ်။

“အပြင်မှာ သူငယ်ချင်းတွေ ဆုံမယ်ဆိုရင်လည်း အိမ်ထောင်ရှိတဲ့ ကိုယ်က အကြောင်းပြချက်တွေ များတယ်။ ယောကျာ်းရုံးပြန်လာတော့မှာ၊ ကလေးက ဘာဖြစ်လို့ သူတို့ကျတော့ နင်တို့ ထွက်ခဲ့လိုက်လို့ ပြောလိုက်ရင် ချက်ချင်းရောက်လာတယ်လေ။ အဲ့ဘဝကလေ ပိုပြီးအေးချမ်းတယ်ပေ့ါလေ” ဆိုပြီး စနောက်ရယ်မောကာ ပြောပြခဲ့ပါသေးတယ်။

Photo : RBV

ဖူးစုံကတော့ လက်ရှိမှာ အပျိုကြီး ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်သူ တစ်ဦးလို့ ဆိုရမှာပါ။ သူမအနေနဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် အိမ်ထောင်မပြုသေးတာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။

''အိမ်ထောင်ရေးဆိုတာကို ကြောက်စရာလို့လည်း မမြင်သလို၊ ပျော်စရာ ကြည်နူးစရာတွေနဲ့ ပြည့်နေမှာပါလို့လည်း မမြင်ပါဘူး'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက လက်ရှိမှာတော့ အပျိုကြီး တစ်ကိုယ်တည်းပါပဲ။

Photo ; သက်မွန်မြင့်

က်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က