သူမရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။

ဖွေးဖွေးဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ဟာသ ဇာတ်ကားတွေကိုလည်း အများကြီး မရိုက်တော့ဘူးတဲ့။


Photo; Phway Phway



သရုပ်ဆောင် ဖွေးဖွေးကတော့ ဟာသဇာတ်ကားတွေကို တစ်နှစ် တစ်ကားပဲရိုက်တော့မယ်လို့ ဆိုပါတယ်။ ဒီလို ဆုံးဖြတ်လိုက်ရတဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ဖွေးက တစ်နှစ်ကို ဟာသကား တစ်ကားပဲ ရိုက်တော့မယ်။ အရင်တုန်းကတော့ တစ်နှစ်ကို ၃ ကား၊ ၄ ကားလောက်ပဲရိုက်တာပါ။ ဒါတောင်မှ တော်တော်များနေပြီ။ အိုက်တင်အထူကြီးတွေလုပ်ရတဲ့ ကားမျိုးလေးတွေလည်း ဖွေးရိုက်တယ်၊ အိုက်တင် ပါးပါးလေးတွေပဲ လုပ်ရတဲ့ ဇာတ်ကားတွေလည်း ဖွေးရိုက်တယ်။ အချစ်ဇာတ်ကားမဟုတ်တဲ့ နိုင်ငံရေးဇာတ်ကားတို့၊ ဘာသာရေးကားတို့၊ သရဲကားတို့ဆိုလည်း ဖွေးကြိုက်တယ်။ ပရိသတ်အတွက်လည်း နည်းနည်းလေးနဲ့ ဆုံအောင်လို့ ဖွေးရိုက်ဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။


Photo; Phway Phway

ဖွေးဖွေးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရနေတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူမဟာ အလုပ်တွေ ကြိုးစားနေပေမယ့်လည်း တစ်ဖက်မှာ ဝေဖန်တိုက်ခိုက်ခံရတာတွေများလာတော့ စိတ်ဓာတ်ကျမိတာတွေရှိတဲ့အကြောင်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ဖွေးကတော့ အရမ်း Feel ဖြစ်သွားတဲ့ ခံစားချက်မျိုးက အခါတစ်ရာလောက်ဖြစ်မှ တစ်ခါလောက်ပဲ ပရိသတ်ကို ပေးသိတာပေါ့နော်။ အဲဒီတုန်းကလည်း ဘာဆက်လုပ်ရမှန်းလဲ၊ ငါလုပ်နေတာတွေက မှားနေတာလား။ ငါ ဒီလိုပဲကြိုးတော့ ကြိုးစားနေတယ်။ တချို့တွေကျတော့ အသိအမှတ်မပြုကြဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲ အာရုံစိုက်နေရင်းနဲ့ ကြာလာတော့ တိုက်ခိုက်ခံရပါများသွားတဲ့အချိန်မှာ စိတ်က နည်းနည်းလေးယိုင်သွားတာပါ’’ ဆိုပြီးတောာ့ နိုဝင်ဘာလ ၄ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


Photo;Amazing Grace

ဖွေးဖွေးက စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့အားပေးစကားကြောင့် အားတက်ခဲ့ရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

‘’မဖြူလို အရမ်းတန်ဖိုးရှိတဲ့အနုပညာရှင်တစ်ယောက်က အားပေးစကားပြောလာတဲ့အချိန်မှာ ကိုယ်က ပြန်ထောင်သွားတယ်။ အားရှိတာပေါ့နော်။သူပြောတဲ့စကားက ဖွေးကြိုးစားခဲ့တာကိုတဲ့ လူတွေက မေ့တတ်တယ်လေတဲ့။ မေ့တတ်တော့လည်း သတိပြန်ပေးရတာပေါ့တဲ့။ အဲ့ဒီနေရာမှာ ဖွေး အားတတ်သွားတာပေါ့နော်။ ဖွေးလည်း မရပ်မနားပဲ ကြိုးစားလာတာ ၁၃ နှစ်ကျော်သွားပြီ။ ဖွေးလုပ်ခဲ့တဲ့တောက်လျှောက်မှာ ကောင်းတာတွေရော၊ ဆိုးတာတွေရောကို အားပေးခဲ့တဲ့ ပရိသတ်တွေက ဖွေးအတွက် အရမ်းအရေးကြီးပါတယ်’’ လို့ သူကပြောပါတယ်။


Photo; Phway Phway

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က