စိတ်ဓာတ်လေးတွေ နည်းနည်းပြောင်းစေချင်တယ်။

နေထက်လင်းကတော့ ဖြူဖြူထွေးရဲ့ အနုပညာအရည်အချင်းတွေ အပေါ် သူ့ရဲ့ သုံးသပ်မှုတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Nay Htet Linn



နေထက်လင်းကတော့ တတ်သစ်စ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးရဲ့ ကြိုးစားမှုတွေကို မြင်နေရတယ်လို့ ဆိုပါတယ်။ နေထက်လင်းကိုယ်တိုင်ကလည်း ဖြူဖြူထွေးရဲ့ အနုပညာဖန်တီးမှုအပေါ် Duwun ကနေတဆင့်အခုလို ဖြေဆိုခဲ့ပါတယ်။ 

" ခေတ်နောက်ပြန်ဆွဲနေသလို ဖြစ်နေကြတယ်။ စိတ်ဓာတ်လေးတွေ နည်းနည်း ပြောင်းစေချင်တယ်။ ဈေးကွက်မှာ ဈေးကွက်လိုအပ်ချက်အရ တောင်းဆိုတာတွေရှိတယ်။ သူ့ဘာသာ ဘာနဲ့ပဲ ရိုက်ရိုက် အရုပ်ထွက်လာဖို့ အရေးကြီးတယ်။ အခုခေတ်ဖုန်းတွေကလည်း အရမ်းအဆင့်မြင့်တယ်။ ရုံကြီးကားတွေ အထိ အေးအေးဆေးဆေး မီတာပေါ့။ ရှိလို့ပဲ လုပ်စားလုပ်စား၊ မရှိလို့ပဲ လုပ်စား လုပ်စား မတားကြပါနဲ့ သူ့ရွေးချယ်မှုက သူ့ရဲ့ ကံတရားအတိုင်း ဖြစ်သွားပါလိမ့်မယ်" လို့ ဆိုပါတယ်။ 

Photo: Nay Htet Linn

ဖြူဖြူထွေး အနေနဲ့ အနုပညာအလုပ်တွေ မလုပ်ရတော့တဲ့ သရုပ်ဆောင်တွေကို မြေတောင်မြှောက်ပေးသလိုပဲ နေထက်လင်းကိုယ်တိုင်ကလည်း သရုပ်ဆောင် ခိုင်နှင်းဝေ၊ ဆုပန်ထွာတို့ကို မြေတောင် မြှောက်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

" ဥပမာ ကျောက်ကလေးတစ်လုံးက အရည်ရှိတယ်ဆိုရင် အဲဒါကို ဈေးနှိမ်ပြီးတော့ ကျွန်တော် မပြောချင်ဘူး။ ဖြူဖြူထွေးမှ မဟုတ်ဘူး တခြားကလေးတွေဆိုရင်လည်း ဖြစ်သင့်တယ်၊ ဖြစ်နိုင်တယ်၊ ဖြစ်နိုင်ချေရှိတယ်။ သူ ဘာတွေ ပြင်ရမယ် ဒါလေးပဲ ပြောလို့ရမယ်။ အောင်မြင်မှုဆိုတာ ကျွန်တော်တို့ ခံစားပြီးပြီလေ။ ခိုင်နှင်းဝေဆိုရင်လည်း အစ်ကိုနဲ့ ဘယ်လိုစတွေ့ပြီး ဘယ်လိုတွေ ရိုက်ခဲ့တယ်၊ စိတ်နေစိတ်ထားကိုက အစ မေးကြည့်လို့ရပါတယ်။ ဆုပန်ထွာကို ဆိုရင်လည်း မေးကြည့်လို့ရတယ်။ ကိုယ်က ငပွကြီးလုပ်ပြီး ဖြူဖြူထွေးဘက်က ရပ်တည်တာ မဟုတ်ပါဘူး။ ဒီကောင်မလေးကတော့ ဘယ်လို အရည်အချင်းရှိတယ်၊ ဒီကျောက်ကလေးကတော့ ဘယ်လောက်တန်တယ်ဆိုတာကိုပဲ ပြောချင်တာပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Amazing Grace

နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က