ကြော်ငြာ အတူတူရိုက်ကူးခဲ့တဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။

ညီနန္ဒကတော့ ဖြူဖြူထွေး နဲ့ ကြော်ငြာအတူတူရိုက်ခွင့်ရတဲ့ အချိန်မှာ သူမရဲ့ စိတ်နေစိတ်ထားတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Nyi Nanda



ညီနန္ဒကတော့ စက်တင်ဘာလ(၈) ရက်နေ့တုန်းက ဖြူဖြူထွေးရိုက်တဲ့ ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်အတူတူ တွဲလုပ်တဲ့ အချိန်မှာ ဖြူဖြူထွေးဟာ အသက်ငယ်ပေမယ့် လေးစားဖို့ကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်ကိုတစ်ယောက်တည်းရဲ့ အမြင်ကတော့ သူနဲ့ ကြော်ငြာရိုက်တဲ့ အခါမှာ ကိုယ်တောင်းတဲ့ အနုပညာကြေးကိုလည်း သူပေးတယ်။ အဲဒီအပြင် ကြော်ငြာရိုက်ပြီးတဲ့ အချိန်မှာလည်း ဆန်၊ ဆီအပါအဝင် စားနပ်ရိက္ခာတွေနဲ့ သူ ကန်တော့တယ်။ အစ်ကိုတို့ လောကမှာ ဒီလို လုပ်ရမယ်ဆိုတဲ့ အသိစိတ် တကယ်မရှိခဲ့ပါဘူး။ ဒီကလေးကတော့ သူ့ရဲ့ အသိစိတ်ကိုက နည်းနည်း ထူးခြားတာပေါ့နော်။ အသက်ငယ်ပေမယ့် လေးစားစရာကောင်းတယ်။ အများကြီးပြောနေတာထက် သူ့လုပ်ရပ်ကို ကြည့်ရင် သိနိုင်ပါတယ်” ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့တုန်းက ဖြူဖြူထွေးရဲ့ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nyi Nanda

ညီနန္ဒကတော့ အနုပညာသက်တမ်း(၂၅) နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဖြူဖြူထွေးရဲ့ အနုပညာဖန်တီးမှု အပေါ်မှာလည်း သူက ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ 

“ သူအခုရိုက်တဲ့ ကြော်ငြာတွေကို သူကိုယ်တိုင် ဇာတ်ညွှန်းရေးတယ်။ သူကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်။ အစ်ကိုက အခု သူခိုင်းတဲ့အတိုင်းလေးပဲ လုပ်လိုက်တာ အကုန်အဆင်ပြေတယ်။ သူလည်း အရှေ့မှာ အများကြီးရိုက်ထားတာ ဖြစ်တဲ့အတွက် သူလည်း အတွေ့အကြုံတွေက မနည်းတော့ဘူး။ သူ့ဘာသာသူ သက်တမ်းသာ တိုနေလိမ့်မယ် မနည်းတော့ဘူး။ အဓိက က Respect ရှိတယ်။ အစ်ကိုဆိုလည်း အနုပညာသက်တမ်း(၂၅) နှစ်အထိရှိနေတာ ဒီ Respect ကြောင့်ပါပဲ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးခဲ့ချိန်မှာတော့ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး " နေရယ် လရယ် အမှန်တရားရယ်" ဇာတ်လမ်းတွဲနဲ့ ပရိသတ် အရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပြန်လည် ရိုက်ကူးနေရပြီဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က