ကျွန်တော် Attention ယူတာ မဟုတ်ပါဘူး။

သရုပ်ဆောင် မင်းခန့်ကျော် အနေနဲ့ သရုပ်ဆောင် ဖြူဖြူထွေးက ရုပ်ရှင်အစည်းအရုံးမှာ တိုင်ကြားထားတဲ့ အကြောင်းအရာတွေအပေါ် အခုလို ပြောပြလာပါတယ်။ 

Photo: Min Khant Kyaw



သရုပ်ဆောင် မင်းခန့်ကျော်ကတော့ ရုပ်ရှင်အစည်းအရုံးမှာ ဖြူဖြူထွေးက တိုင်ကြားထားတာ ကြောင့် သြဂုတ်လ (၂၈) ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။ ဖြူဖြူ ထွေးရဲ့ တိုင်ကြားထားမှုအပေါ် မင်းခန့်ကျော်ရဲ့ သဘောထားကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော် ဖေ့စ်ဘွတ်ပေါ်မှာ သူ့ရဲ့ အကြောင်းတွေကို ပြောတဲ့အပေါ်မှာ ထိန်းသိမ်းပေးဖို့ အစည်းအရုံးကို တိုင်ထားတယ်။ အခုလို တိုင်တယ်ဆိုတာ အကြောင်းအရင်းတော့ ရှိရမယ်။ ဘာ Topic နဲ့ တိုင်တာလဲဆိုတဲ့ အပေါ်မှာ လူကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က သူ့ကို တိုက်ခိုက်ထားတာ မရှိဘူး၊ ဆဲထားတာ မရှိဘူး။ နှမသားချင်းမစာမနာ ပြောထားတာမရှိသလို ရိုင်းပြထားတာလည်း မရှိပါဘူး။ ကျွန်တော့် လောကကို မစော်ကားဖို့ တားမြစ်တာပဲ ရှိတာပါ။ ကျွန်တော် သူ့ကို အသုံးချပြီး Attention ယူတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို Attention ယူတယ်လို့ လာပြောတဲ့သူတွေကို Video Call လေးတွေ ခေါ်ပြီးတော့ ကျွန်တော်ရှင်းပြတယ်။ သူတို့ကလည်း ကျွန်တော့်ရဲ့ စိတ်ကို နားလည်သွားကြပြီးတော့ အခုဆို ပရိသတ်တောင် တိုးလာပါသေးတယ်။ တချို့သော သူတွေကိုလည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Min Khant Kyaw

မင်းခန့်ကျော်ဟာ ဖြူဖြူထွေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မီဒီယာတချို့မှာ ဖြေဆိုခဲ့စဉ်က ပရိသတ်များစွာတို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေအပေါ်မှာလည်း မင်းခန့်ကျော်က ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ သြဂုတ်လ (၂၈) ရက်နေ့က ရုပ်ရှင်အစည်းအရုံးမှာ ဖြေဆိုခဲ့တာပါ။ 

“ ကျွန်တော် ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို စော်ကားတဲ့ စကား တစ်ခွန်းမှ မပါသေးပါဘူး။ ပရိသတ်ကို ကျွန်တော် စင်ပေါ်ကနေတောင် မဆဲဖူးပါဘူး။ တစ်ခါတုန်းက ရေသန့်ဗူးနဲ့ အပေါက်ခံခဲ့ရဖူးတယ်။ အဲဒီပရိသတ်ကို ကျွန်တော် ဘာပြောခဲ့သလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်ပါစေနဲ့လို့ ကျွန်တော် ပြောခဲ့တယ်။ မိဘနှစ်ပါးစလုံးရှိသေးတာကြောင့် သူတို့ရဲ့ ဆုံးမခဲ့တဲ့ သွန်သင်မှုတွေနဲ့ ပရိသတ်ကို ကျွန်တော် လုံးဝ ဆဲမှာ မဟုတ်ပါဘူး။ ဆဲတဲ့ အသံဖိုင်ကို ဖြတ်ပြီးတော့ အစည်းအရုံးကို တိုင်လို့ရပါတယ်။ ကျွန်တော် ဒီလောက က ထွက်ပေးပါမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Min Khant Kyaw

မင်းခန့်ကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတော်တော်များများ ရိုက်ကူးရသူဖြစ်တာကြောင့် အက်ရှင်မင်းသားလို့လည်း ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ မင်းခန့်ကျော်ကို အားပေးတဲ့ ပရိသတ်တွေကတော့ နယ်ပရိသတ်တွေ ပိုများပါတယ်။ လက်ရှိ အချိန်ထိ လည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။


 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က