''ငါ့ကို နမ်းတဲ့မုန်တိုင်း''ဇာတ်ကားက ဆန်ခါတင်စာရင်းမှာ ပါဝင်လာပါတယ်။

‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရဲရင့်အောင်ရဲ့ အကယ်ဒမီအပေါ် ရင်ခုန်သံကို ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာ ရဲရင့်အောင်က ‘’မုန်တိုင်း’’ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာပါ။

Photo: Yair Yint Aung



ရဲရင့်အောင် ရိုက်ကူးထားတဲ့ ‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင် ၂၅ ကားထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ရဲရင့်အောင်ရဲ့ အကယ်ဒမီအပေါ် ရင်ခုန်သံကို မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။

‘’ဆန်ခါတင်ထဲမှာ ပါတယ်ဆိုရုံနဲ့တင် ကျွန်တော့်အတွက် တော်တော်အဆင်ပြေနေပါပြီ။ ကျန်တာကိုတော့ ကျွန်တော် မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က အခုမှ စတဲ့သူလေ။ ဆန်ခါတင်ထဲလည်းပါတယ်၊ ပရိသတ်ကလည်း ရစေချင်တယ်ဆိုတော့ ဝမ်းသာတာပေါ့’’ လို့ သူကဆိုပါတယ်။

‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ကားကို ဒါရိုက်တာဝင်းလွင်ထက် နဲ့ ဒါရိုက်တာ အောင်ဇော်လင်း တို့က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရဲရင့်အောင်၊ လွှမ်းပိုင် နဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo: Ye Yint Aung

ရဲရင့်အောင်ကို ‘’ ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ကားထဲမှာတော့ မုန်တိုင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ ခပ်တည်တည်၊ ခပ်မိုက်မိုက် ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့တာပါ။ အပြင်ကာရိုက်တာကတော့ ခပ်တည်တည်မဟုတ်ဘူး ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူက ပြောပြလာပါတယ်။ 

‘’ သူက ခပ်တည်တည်မနေပါဘူး။ အမြဲတမ်း ရယ်နေရလွန်းလို့ ခဏလောက် ငြိမ်ငြိမ်လေး နေပါလို့တောင် ပြောရတယ်’’ဆိုပြီးတော့ ဟီးရိုး ရုပ်ရှင်ကား အထူးပြပွဲကို တက်ရောက်ရင်း ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Ye Yint Aung

အဲဒီနောက် ဧငြိမ်းဖြူရဲ့ စကားကို ရဲရင့်အောင်က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ချစ်သူနဲ့ အတူတူ အင်တာဗျူးဖြေရတဲ့ အခါမျိုးတွေက ပိုပြီးတော့ လွတ်လပ်ပေါ့ပါးပါတယ်တဲ့။

‘’သူနဲ့ အင်တာဗျူးတွေမှာ ဖြေရင် ပေါ့ပေါ့ပါးပါးဖြေတယ်။ တစ်ယောက်တည်းဖြေရတဲ့အခါမှာ ဖြေတဲ့ မေးခွန်းတွေနဲ့ သူနဲ့အတူ ဖြေရတဲ့အခါမှာ ဖြေတဲ့မေးခွန်းတွေ မတူဘူးလေ။ တစ်ယောက်တည်းဖြေ ရတဲ့အခါမှာကျတော့ လေးလေးနက်နက်စဉ်းစားပြီး ဖြေရတာမျိုးတွေလည်းရှိတယ်’’ လို့ ပြန်လည်ပြောပြလာပါတယ်။

Photo: Ye Yint Aung

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က