(၁၅)ကြိမ်မြောက် ပွဲကြီးပါ။

စိုင်းစိုင်းရဲ့ Birthday Show ကြီးကို ဧပြီလ(၁၀) ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏဘူမိတွင် ပြုလုပ်သွားမှာပါ။

Photo : Amazing Grace

အခုအချိန်ထိ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်သူ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက်(၄၀) ပြည့် မွေးနေ့ပွဲကြီးကို ရန်ကုန်မှာ ပြု လုပ်သွားမှာပါ။ Birthday Show ကိုဧပြီ(၁၀) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏဘူမိတွင် ညနေ (၄)နာရီကစပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ မွေးနေ့တိုင်းမှာ အမှတ်တရအနေနဲ့ Birthday Show ပြုလုပ်ခဲ့ရာ အခုဆိုရင် (၁၅)နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။

Photo : sai Sai

၂၀၀၄ခုနှစ်ကနေ စပြီး ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ Birthday Show ကြီးဟာ ဒီနှစ်နဲ့ဆိုရင် ၁၅ကြိမ် မြောက် ခဲ့ပါပြီ။ ပွဲတိုင်းဟာလည်းပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနိုင်ခဲ့ပါတယ်။

“၁၅ကြိမ်မြောက်ကျင်းပမယ့်စိုင်းစိုင်းအသက်၄၀ပြည့်မွေးနေ့ ၁၅နှစ်ဆိုတဲ့်အချိန်ကာလကြီးက တစ်ကယ့်ကိုပဲ မယုံနိုင်အောင်ပါပဲ အကုန်ပြောင်းလဲခဲ့ပေမယ့်ကျွန်တော်နဲ့ကျွန်တော့ပရိသတ်ကြားကသံယောဇဉ်ပါပဲ” ဆိုပြီး မတ်လ(၁၈) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Birthday Show မှာ စိုင်းစိုင်းက ပြောပါတယ်။

Photo : Amazing Grace

စိုင်းစိုင်းခမ်းလိှိုင်ရဲ့ Birthday Show လက်မှတ်များကို မတ်လ(၃၀) ရက်နေ့စတင်ပြီး မြန်မာပလာဇာမှာ ပြုလုပ်မယ့် AYA X ပွဲမှာ စတင်ဝယ်ယူလို့ရပါပြီ။ အဲ့ဒီပွဲမှာ ဝယ်ယူဖို့ အဆင်မပြေနိုင်တဲ့ ပရိသတ်တွေအနေနဲ့ OMG နဲ့ Genius ၊ မန်းသီရိတို့မှာ ဝယ်ယူလို့ ရနိုင်ပါတယ်။လက်မှတ်တွေကို တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး VIP လက်မှတ်ကိုတော့ သုံးသောင်းသတ်မှတ်ထားတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

တစ်နှစ်ထက် တစ်နှစ် ပရိသတ်တွေအတွက်ထူးခြားတဲ့ ရသတွေကို ပေးစွမ်းနိုင်အောင် ကြိုးစားနေတဲ့ စိုင်းစိုင်းဟာ ဒီနှစ် Birthday Show မှာ ဘယ်လိုထူးခြားမှုတွေ ဖြစ်အောင် ဖန်တီးထားလဲဆိုတာ မကြာခင်တွေ့ရတော့မှာပါ။

Photo : ဝဏ္ဏခွာနီ

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က