မတ်လ(၄) ရက်နေ့က ဆုံးသွားတာပါ။
အဆိုတော် ဖြိုးလေးဟာ သူငယ်ချင်းဖြစ်သူ ကမ္ဘာရဲ့ သတင်းကိုကြားပြီး အရမ်းကို စိတ်မကောင်းဖြစ်လို့နေတာပါ။ ငယ်ငယ်ကတည်းက ပေါင်းသင်းနေတဲ့ ငယ်သူငယ်ချင်းတစ်ဦးပါတဲ့။

Photo : ဖြိုးလေး

မတ်လ(၄) ရက်နေ့က ကွယ်လွန်သွားတဲ့ G Latt ရဲ့ ညီ တေးရေး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဂီတလောက က အနုပညာမောင်နှမတွေ အားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။ အဲဒီထဲကမှ ကမ္ဘာနဲ့အတူ ငယ်ငယ်ကတည်း ခင်မင်လာတဲ့ သူငယ်ချင်း ဖြိုးလေးကလည်း သူ့သတင်းကြားပြီး အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။

“ကမ္ဘာနဲ့က ကိုးတန် းဆယ်တန်းလောက်ကတည်းက ပေါင်းလာတာ။ မတွေ့တာတော့ ကြာပြီ။ ဘယ်ရောက်နေလို့ ဘယ်ပေါက်နေမှန်းလည်း မသိဘူး။ ကျွန်တော် ကို G Latt နဲ့ သီချင်းလုပ်ဖြစ်တုန်းက ကမ္ဘာရောဆိုပြီး မေးဖြစ်သေးတယ်။ ကမ္ဘာသတင်းကြားကြားချင်း မယုံနိုင်ဘူးဖြစ်သွားတယ်။ လုံးဝလန့်သွားတာ ကျွန်တော်က ကားတိုက်ခံရတယ်ထင်နေတာ ပြီးတော့မှ ဒီလိုသတင်းတွေ ကြားရတာ အရမ်းစိတ်မကောင်းဘူး” လို့ မတ်လ(၄)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖြိုးလေးရဲ့ “ဘာတွေဖြစ်” သီချင်းခွေမိတ်ဆက်ပွဲမှာ ပြောပြခဲ့တာပါ။

Photo :ကမ္ဘာ

ကမ္ဘာနဲ့ ဖြိုးလေးဟာ (၉)တန်း (၁၀)တန်းလောက်ကတည်းက ခင်မြင်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အတူတူပေါင်းသင်းလာခဲ့တဲ့ ကမ္ဘာနဲ့ ပတ်သက်ပြီး ရှိခဲ့တဲ့ အမှတ်တရလေးတွေကို ဖြိုးလေးက ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ရပ်ကွက်တည်းမှာ လက်ဖက်ရည်ဆိုင်ထိုင်၊ ခရီးတွေ ဘာတွေသွား အဲ့လိုနေခဲ့တယ်။ ကျွန်တော်ရယ် ကမ္ဘာရယ် နေဝင်းရယ် အောင်သူရယ် ကျွန်တော်တို့ ချောင်းသာတွေဘာတွေသွား ပိုက်ဆံလည်း မရှိဘူ းအိမ်ကလုပ်ပေးတဲ့ လက်စွပ်တွေ ဘာတွေရောင်းပြီး သွားကြတာ။ အဲ့ဒါတွေကတော့ အမှတ်တရတွေပေ့ါဗျာ” ဆိုပြီး နေဝင်းက ဆက်လက် ဖြေဆိုပေးခဲ့ပါတယ်။

Photo :ကမ္ဘာ

တေးရေး ဆရာ ကမ္ဘာဟာ နေပြည်တော်မှာ မတ်လ(၃) ရက်နေ့ ညပိုင်းလောက်က ဆုံးပါးသွားတာ ဖြစ်ပြီး အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လို့နေပါတယ်။ လက်ရှိမှာတော့ ကမ္ဘာရဲ့ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် နေပြည်တော် ကုတင်(၁၀၀၀) ပြည့်သူ့ဆေးရုံကြီးရဲ့ ရေခဲတိုက်သို့ ပို့ဆောင်ထားတယ်လို့ သိရပြီး နေပြည်တော် မှုခင်းရဲဌာနအနေနဲ့ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တေးရေးကမ္ဘာဟာ နာမည်ကြီး အဆိုတော်များအတွက် သီချင်းတွေ များစွာ ရေးပေးခဲ့သလို ဇွဲပြည့်ရဲ့ “အဝေးမိုင်”၊ “စာချွန်တော်”၊ သီချင်းများ အိမ့်ချစ်ရဲ့ “ထို့ကြောင့်ဝေးကြသည်”၊ အဆိုတော် G Latt သီဆိုထားတဲ့ မှားလား၊ ခဏတာ၊မြို့ပြလမ်းခွဲ၊အချိန်လွန်ငှက် တို့ကို အကိုဖြစ်သူအတွက် ရေးပေးခဲ့သလို ထိုသီချင်းတွေဟာ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သိချင်းများ ဖြစ်ခဲ့ပါတယ်။



က္က