ကိုယ်တိုင်ကတော့ အိမ်ထောင်ပြုဖြစ်၊ မပြုဖြစ် မသိသေး။

ဇေယျက ပရိသတ်တွေ မေးခွန်းထုတ်နေကြတဲ့ သူ့ရဲ့ အိမ်ထောင်ရေးအပေါ်ထားတဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ လက်ရှိမှာလည်း အိမ်ထောင်ပြုဖို့ စဉ်းစားနေတုန်းပါတဲ့။

Photo: Zay Ya

ပရိသတ်အချစ်တော် သရုပ်ဆောင်ဇေယျကတော့ အခုချိန်ထိ လူပျိုကြီးတစ်ယောက်ပါပဲ။ သူ့ရဲ့ အချစ်ရေးသတင်းတွေကလည်း ပရိသတ်တွေကြားမှာ အေးဆေးတည်ငြိမ်သူတစ်ဦးပါ။ မိသားစုတွေကလည်း အိမ်ထောင်ပြုဖို့ တိုက်တွန်းတာမျိုး မရှိကြဘူးလို့ Duwun Media အင်တာဗျူးမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော့်မှာ မောင်နှမသုံးယောက်ရှိတယ်။ ညီမလေးရှိတယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုရယ်ပေါ့။ ကျွန်တော့်အစ်ကိုကတော့ အိမ်ထောင်ကျသွားပြီ။ ကျန်တဲ့ အငယ်နှစ်ယောက်ကို အရင်တုန်းကတော့ အိမ်ထောင်ပြုစေချင်တယ်။ အခုကျတော့ အမေတို့လည်း အသက်ကြီးလာပြီဆိုတော့ အဖော်လိုအပ်တာပေါ့နော်။ အိမ်ထောင်ပြုလိုက်ရင် သူတို့နဲ့ ဝေးကွာသွားမှာစိုးလို့လား မသိဘူး။ အိမ်ထောင်မပြုစေချင်တော့ဘူး’’ လို့ ဆိုပါတယ်။

Photo: Zay Ya

အဲဒီနောက် သူ့ရဲ့ လွတ်လပ်တဲ့ဘဝကို အိမ်ထောင်ပြုလိုက်တဲ့အခါမှာ ပျော်ရွှင်ရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော် ဘာကြောင့် အိမ်ထောင်မပြုတာလဲ ဆိုတာက ကျွန်တော်အရမ်းပျော်တတ်လို့ ဖြစ်လိမ့်မယ်။ အရမ်းပျော်တတ်တော့ အိမ်ထောင်ပြုလိုက်ရင် ဒီလိုများပျော်ရပါ့မလားဆိုပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်တွေးမိတယ်။ တစ်ခါတလေကျရင် သူငယ်ချင်းတွေရဲ့ မိသားစုပုံစံလေးတွေကို မြင်ရင်လည်း အဲဒီဘဝကို အားကျတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့က ဟန်တီ့ရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။

Photo: Zay Ya (ဇေယျနဲ့ မိခင်ဖြစ်သူတို့)

ဇေယျဟာ ပရိသတ်တွေနဲ့သာမက အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်သူတစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသား သူငယ်ချင်းတွေရဲ့ မိသားစုတွေကိုလည်း အားကျသလို၊ တစ်ယောက်တည်းနေရတဲ့ ဘဝကိုလည်း သဘောကျတယ်လို့ ဆိုပါတယ်။

‘’သူငယ်ချင်းတွေထဲမှာ ကျွန်တော့်လို လူပျိုကြီးတွေလည်း အများကြီးရှိပါတယ်။ သူတို့ကလည်း ဒီအတိုင်းပဲနေ ပိုကောင်းတယ်ဘာညာပြော၊ အိမ်ထောင်သည်တွေဘက်ကလည်း အိမ်ထောင်ပြုတာ၊ မိသားစု ဘာညာဆိုတာ ပြောတော့ ကျွန်တော်လည်း ဟိုဘက်နားယောင်လိုက်၊ ဒီဘက်နားယောင်လိုက်နဲ့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Zay Ya

ဇေယျကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့သူ တစ်ဦးပါ။ အဲဒီနောက် ဇာတ်လမ်းတွဲတွေလည်း ရိုက်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဇေယျက သရုပ်ဆောင် အလုပ်ထက် အစီအစဉ် တင်ဆက်သူ တစ်ယောက်အဖြစ် အလုပ်တွေပိုလုပ်နေရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က