ဖြိုးမောင် နဲ့ ထူးကျော် တို့ရဲ့ မိသားစု အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

ထွန်းထွန်းကတော့ Examplez အဖွဲ့ထဲက သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေ အိမ်ထောင်ပြုတိုင်း နှမြောတဲ့စိတ်လေး ဖြစ်မိတယ်လို့ပြောပါတယ်။ ထူးကျော်သူ နဲ့ ဖြိုးမောင်မောင်ကလည်း ကိုယ်ပိုင်မိသားစု ဘဝလေးအကြောင်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက ယောကျ်ားလေးအဆိုတော်အဖွဲ့တစ်ဖွဲ့အဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ Examplez အဖွဲ့သားတွေ အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့ထဲက ထွန်းထွန်းကတော့ Examplez အဖွဲ့က သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ပြုသွားတိုင်း နှမြောတဲ့ စိတ်တော့ ဖြစ်မိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကျွန်တော်အမှန်အတိုင်းပြောရရင် ထူးကျော်ဆိုရင် သူ အိမ်ထောင်စပြုတဲ့အချိန်မှာ သူ မိသားစုဖြစ်သွားတော့ ကျွန်တော်တို့နဲ့ တွေ့ဖို့ ဝေးသွားတယ်။ ဒီလိုပဲ ဖြိုးမောင် ဆိုရင်လည်း ဝေးသွားတာပဲ။ အခုဆို သက်အောင် ဆိုလည်း အိမ်ထောင်ပြုသွားပြီဆိုတော့ ထပ်ဝေးဦးမှာပေါ့။ ညီအစ်ကိုတွေဖြစ်ဖြစ်၊ သူငယ်ချင်းတွေဖြစ်ဖြစ် အိမ်ထောင်ကျသွားပြီဆိုရင် နှမြောတဲ့ စိတ်၊ မတွေ့ရတော့ဘူးကွာ ဆိုတဲ့စိတ်တော့ ခေါင်းထဲမှာ အမြဲတမ်းရှိတယ်’’ လို့ ဆိုပါတယ်။

ဖြိုးမောင်မောင်(Examplez)ကတော့ ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့က ဇနီးချောလေး မဇွန်ဇာသက်ပန်စိုး နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကိုယ်ပိုင် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေထက် မိသားစု စီးပွားရေးကို ပိုဦးစားပေးဖြစ်နေတယ်လို့လည်း သိရပါတယ်။

‘’ ကျွန်တော့် မိသားစုလေးကတော့ အေးအေးဆေးဆေးပါပဲ။ အခုဆို ကျွန်တော့် မိန်းမတောင် နောက်တစ်ဗိုက်ရနေပါပြီ။ ဗိုက်ထဲက ကလေးလေးက မိန်းကလေးပါပဲ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၉ ရက်နေ့က သက်အောင် (Examplez) ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Phyo Maung Maung

ထူးကျော်သူ(Example) ကလည်း ဇနီးချောလေး မအိအိဖြိုးနဲ့ ၂၀၁၁ ခုနှစ်အတွင်းက လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားပါပြီ။

‘’ ကျွန်တော်ကတော့ ကလေး တစ်ယောက်ပဲရှိပါသေးတယ်။ နောက်တစ်ယောက်ယူဖို့တော့ စီစဉ်ထားပါတယ် ကြိုးစားနေတုန်းပါပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂီတအလုပ်တွေ ထက် စီးပွားရေးကို ပိုပြီးတော့ ဦးစားပေးနေတယ်လို့ သိရပါတယ်။

Photo: Htoo Kyaw Thu

Examplez အဖွဲ့ထဲမှာတော့ ထွန်းထွန်း၊ ဖြိုးမောင်မောင်၊ သက်အောင်နဲ့ ထူးကျော်သူ တို့ ပါဝင်တာဖြစ်ပါတယ်။ သူတို့ဟာ Rapper အဖွဲ့အနေနဲ့ သီချင်းတွေ ဆိုခဲ့ကြတာပါ။ ၂၀၀၀ ခုနှစ်ကတည်းက ဂီတအလုပ်တွေ စတင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ အခုချိန်မှာတော့ ထွန်းထွန်း တစ်ယောက်တည်းသာ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က