လေးယောက်ပေါင်းပြီး Page လေးတစ်ခုဖွင့်ထားတယ်။
Sabal Thwin

သဇင်ထူးမြင့်တစ်ယောက် သူမရဲ့ အစားသောင်းကျန်းတာတွေ၊ Snap တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေရှိတယ်လို့ ပြောပါတယ်။ ဒါတွေကိုတော့ သူမနဲ့အတူ နေရဲ၊ မင်းခန့်ကို၊ မင်းခန့်ညီ တို့နဲ့ ပေါင်းပြီးဖွင့်ထားတဲ့ Page မှာ တွေ့ရမှာပါလို့ဆိုပါတယ်။ 

Photo: RBV

သဇင်ထူးမြင့်ကတော့ အစ်ကိုဖြစ်သူ နေရဲ၊ သူငယ်ချင်းဖြစ်သူ မင်းခန့်ကို၊ မင်းခန့်ညီ တို့နဲ့ အတူပေါင်းပြီး Dream Create Do ဆိုတဲ့ Facebook Page လေးထောင်ထားတယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေ အတူတူရိုက်တဲ့ ဇာတ်လမ်းတိုလေးတွေလည်းရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ Page ကကျတော့ အရင်တုန်းက သဲတို့ အမြွှာအစ်ကိုနှစ်ယောက်နဲ့ ဇာတ်လမ်းတိုလေး ရိုက်ဖူးတယ်။ ဒီတစ်ခေါက်ကျတော့ ကိုကြီးက Social ဘက်လေး သွားချင်တယ်ဆိုတော့ Vlog လေးတွေရိုက်ကြမလားပေါ့။ ဒါဆိုရင် ဟိုဘက်က ညီအစ်ကိုနှစ်ယောက်၊ ဒီဘက်က မောင်နှမ နှစ်ယောက်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပြီးတော့ ဒီလိုလေး လုပ်ဖြစ်သွားတာပေ့ါ”လို့ သူက ပြောပါတယ်။ 

Photo: Thazin Htoo Myint

Dream Create Do Page မှာတော့ သူတို့တွေကိုယ်တိုင် လေ့လာပြီး ထူးခြားတဲ့ အရာလေး တွေ၊ ပျော်စရာကောင်းတာလေးတွေကို တင်ဆက်ပေးလေ့ရှိတယ်လို့ သဇင်ထူးမြင့်က ပြောပါတယ်။ 

“ လောလောဆယ်ကတော့ ဖုန်းနဲ့ရိုက်တာ၊ နောက်ပိုင်းကျရင်တော့ ကင်မရာလေးနဲ့ သေသေချာချာရိုက်မယ်။ Page ကလည်း Follower အရမ်းတက်တာကိုး။ တကယ့်အပြင်က ပုံစံကို ပရိသတ်တွေ သိသွားတဲ့အချိန်မှာ အရမ်းပျော်စရာကောင်းတယ်။ ရယ်လည်း ရယ်ရတယ်။ ပြီးတော့ ဒီအဖွဲ့က အစားသောင်းကျန်းတယ်ဆိုတာကို သိသွားတာပေါ့။ ဒါတွေက တကယ့် အပြင်ပုံစံ အစစ်တွေပေါ့” လို့ ဆိုပါတယ်။  

Photo: RBV

သဇင်ထူးမြင့်ကတော့ Dream Create Do Page မှာ သူရဲ့ Snap တွေ၊ အစားသောင်းကျန်းတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်တဲ့။ Page စလုပ်တဲ့နေ့မှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့်လည်း အရမ်းပျော်တယ်လို့ဆိုပါတယ်။ 

“ Page မှာ စစတင်ခြင်း Page ကို တစ်သိန်းကျော်မယ်လို့ မခန့်မှန်းထားဘူး။ တစ်သောင်းလောက်တောင် ရချင်မှ ရမယ်ပေါ့နော်။ ဒါပေမယ့် စစတင်ခြင်း ဗီဒီယိုက တစ်သိန်းကျော်လောက် ရသွားတော့ အရမ်းပျော်ကြတာပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့က “Player” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: RBV

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က