စိုင်းစိုင်းခမ်းလှိုင်လည်း ပါဝင်မှာဖြစ်ပါတယ်။

ဖြိုးငွေစိုးကတော့ အရမ်းကို အစအနောက်သန်သူဖြစ်လို့ သက်မွန်မြင့်နဲ့ ဇာတ်ကားရိုက်နေချိန်မှာ ရန်ဖြစ်ရဦးမယ်လို့ ဆိုပါတယ်။ “ဝင်္ကပါ လမ်းမများ”ဇာတ်လမ်းတွဲမှာတော့ စိုင်းစိုင်း၊ ဖြိုးငွေစိုးနဲ့ သက်မွန်မြင့်တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Photo: Amazing Grace



သက်မွန်မြင့်ကတော့ သူငယ်ချင်းဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုးတို့နဲ့ အတူ “ဝင်္ကပါ လမ်းမများ” ရုပ်သံဇာတ်လမ်းတွဲရိုက်တော့မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေဆုံရင် ငယ်ငယ်တုန်းက အမှတ်တရတွေ ပြောဖြစ်တာများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ သူငယ်ချင်းတွေဆုံရင် ကလေးပြန်ဖြစ်သွားတယ်ဆိုတာက စဆုံတဲ့ အချိန်တုန်းက စိတ်ပေါ့နော်။ အဓိက ကတော့ ငယ်ငယ်တုန်းက စိတ်အတိုင်းပဲ၊ ငယ်ငယ်တုန်းက အကြောင်းတွေ ပြောဖြစ်တယ်။ ရင်းနှီးမှုကလည်း ငယ်ငယ်တုန်းက ရင်းနှီးမှုဆိုတော့ အဲဒီအတိုင်းပဲ ပြန်ဖြစ်သွားတာမျိုးပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ရက်နေ့က “ဝင်္ကဘာလမ်းမများ” ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Thet Mon Myint

ဖြိုးငွေစိုးကတော့ ဇာတ်လမ်းတွဲရိုက်နေတဲ့ အချိန်မှာ သက်မွန်မြင့်နဲ့ ရန်ဖြစ်ရတော့မယ်လို့ ဆိုပါတယ်။ သူဟာ အရမ်းကို အစအနောက်သန်သူဖြစ်တာကြောင့် သက်မွန်မြင့်ရဲ့ လက်သီးဒဏ်တွေကိုလည်း ခံခဲ့ရဖူးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

“ အမှတ်တရကတော့ ကျွန်တော်တို့တွေ တချို့ကိစ္စ ရက်လေးတွေ ရွှေ့ရမယ်။ အချိန်တွေလည်း တော်တော်ပေးရမယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် ၂ လ၊ ၂လလောက် နေ့စ္စဓူဝ မြင်နေရမှာဆိုတော့ သက်မွန်မြင့်နဲ့တော့ ပြဿနာတွေ နည်းနည်း တက်ရင် တက်မယ်ထင်တယ်” လို့ ဆိုပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ဟာ ဖြိုးငွေစိုးလို အစအနောက်သန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဟာသဇာတ်ကားတွေပဲ ရိုက်လို့ရမယ်လို့ ဆိုပါတယ်။

“သူနဲ့က ဟာသဇာတ်ကားရိုက်ရင်တော့ အဆင်ပြေတယ်။ ကျန်တဲ့ ဇာတ်ကားရိုက်လို့ မရဘူး။ ပြီးတော့ အချစ်ဇာတ်ကားတွေ ရိုက်လို့မရဘူး။ အရမ်းချစ်တဲ့ ရုပ်တွေနဲ့ ကြည့်ပြီဆိုရင် အဲဒီမှာ နှစ်ယောက်သား ထရယ်တာပဲ။ ဒါပေမယ့် အချစ်ဇာတ်ကားတွေပဲ ပေါက်တာ များပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Amazing Grace

စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုးနဲ့ သက်မွန်မြင့်တို့ သူငယ်ချင်း ၃ ယောက်ရဲ့ ရင်းနှီးမှုတွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အနုပညာလောကမှာ အောင်မြင်မှုတွေရနေကြသူတွေ ဆိုရင်လည်း မမှားပါဘူး။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂီတဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ အောင်မြင်တဲ့ ထိပ်တန်း အနုပညာရှင်တစ်ယောက်ပါ။ ဖြိုးငွေစိုးကလည်း လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေကို စိစစ်ရိုက်ကူးနေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ အကယ်ဒမီဆု ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ မင်းသမီးချော တစ်ယောက်ဆိုလည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က