မွေးလမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဒွေး ကွယ်လွန်တာ(၁၃) နှစ်ပြည့်တဲ့နေ့ မှာ ဦးလေးဖြစ်သူ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ပျံလွန်တော် မူသွားပြီဖြစ်ပါတယ်။ 

Photo: ကျော်ဟိန်း



အနုပညာအလုပ်တွေ ရပ်နားပြီး သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်သွားခဲ့တဲ့ ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ကတော့ သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ဒီနေ့မနက်က( ဇူလိုင်၁၁ရက်)မှာ ပျံလွန်တော် မူသွားခဲ့ပြီလို့ သိရပါတယ်။ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ပျံလွန်တော်မူသွားပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ လူကြမ်းသရုပ်ဆောင်၊ ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌ ဦးအောင်ခိုင်က Duwun ကနေ အတည်ပြု ပြောပြလာပါတယ်။ 

" ဦးကျော်ဟိန်း ဆုံးသွားတာ သေချာပါတယ်။ ဒီနေ့ မနက် (၉) နာရီ (၂၇) မိနစ်မှာ ဆုံးတာပါ။ သြစတေးလျမှာ ဆုံးတာပါ။ သူ့ရဲ့ မိသားစုဝင်တွေကလည်း ဒီဘက်မှာ အလှူအတန်းတွေ လုပ်ဖြစ် မလုပ်ဖြစ် မသေချာသေးဘူး။ ဟိုဘက်မှာပဲ အကုန်လုံး စီစဉ်စရာရှိတာတွေကို အရင် စီစဉ်ဦးမယ်လို့ ဦးလည်း သိထားတယ်" လို့ ဆိုပါတယ်။

Photo: ကျော်ဟိန်း

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ဟာ ၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ ဆိုရင် သက်တော် (၇၃) နှစ် ပြည့်တော့မှာဖြစ်ပါတယ်။

ဥူးဇင်းရဲ့ သတင်းကို ကြားပြီး အနုပညာအသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြသလို ပရိသတ်တွေလည်း ဝမ်းနည်းလို့ နေကြပါတယ်။သရုပ်ဆောင်ဒွေးနဲ့ကျော်ဟိန်းတို့ဟာ ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တူဝရီးနှစ်ယောက် ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကွယ်လွန်ချိန်ဟာ တိုက်ဆိုင်လွန်းလှတဲ့အတွက်လည်း ပြည်သူတွေက ပိုမို စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

Photo: ကျော်ဟိန်း

ဥူးဇင်း ကိတ္ထိသာရ(သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်း) ဟာ ဇာတ်ကားပေါင်း ရာနဲ့ချီရီုက်ကူးခဲ့ပြီး ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားအချို့ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် လောကရဲ့အရေးပါဆုံး ဝါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့ကစပြီး အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ဘောင်ထဲအပြီးတိုင်ဝင်ခဲ့ပါတယ်။

Photo: ကျော်ဟိန်း

ဥူးဇင်း ကိတ္ထိသာရ ဟာ သရုပ်ဆောင် ကျော်ဟိန်းအဖြစ် အနုပညာလောကမှာ အကယ်ဒမီ ငါးထပ်ကွမ်း ရရှိခဲ့သူ တစ်ယောက်ပါ။ ၁၉၇၉ ခုနှစ်က " အကာက အချစ် အနှစ်က မေတ္တာ" ရုပ်ရှင် ၊ ၁၉၈၂ ခုနှစ်က " မွန်းတည့်ချိန်တွင် နေဝင်သည်" ရုပ်ရှင်၊ ၁၉၈၉ ခုနှစ်မှာ "ပန်းမြိုင်လယ်က ဥယျာဉ်မှူး" ရုပ်ရှင်၊ ၂၀၀၃ ခုနှစ် မှာ " နေက မွေးတဲ့လ" ရုပ်ရှင် စတဲ့ ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက တော့ " ဝေလည်းမွှေး ကြွေလည်း မွှေး" ရုပ်ရှင် နဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါသေးတယ်။ 

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က