သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

ဦးမေတ္တာကတော့ Covid ကာလမှာ Volunteer အလုပ်တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်း အတွက် သူ့ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Myinttar Myint Myat Hein



လူရွှင်တော်ကြီး ဦးမေတ္တာကတော့ GMW ပရဟိတအဖွဲ့မှာ Volunteer လုပ်နေတဲ့ သားဖြစ်သူ မေတ္တာ မြင့်မြတ်ဟိန်း အတွက် သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။ သားအတွက် ဂုဏ်ယူတာထက် သားရဲ့ လုပ်ရပ်အပေါ် ကျေနပ်တယ်လို့ Duwun ကို သူက ပြောပါတယ်။ 

“ သူများတွေက ကျွန်တော့်ကို ဂုဏ်ယူလားလို့မေးတယ်။ သားအတွက် ကျွန်တော်က ဂုဏ်မယူပါဘူး ကျေနပ်တာ သူဟာ လူတစ်ယောက်ဖြစ်တဲ့အတွက် လူအလုပ်ကို လူလုပ်တာ လူတွေအခက်အခဲဖြစ်တာကို လူတစ်ယောက်က ကူညီပေးတာ။ သူ့လို စိတ်ဓာတ်နဲ့ လူတွေ စုပြီး နောက်ထပ် လူတွေကို လိုက်ကူညီနေကြတာ။ သူတို့လို မလုပ်နိုင်တဲ့သူတွေကျတော့ ကားဆီဖိုး ဆိုပြီး ပါရမီဖြည့်ပေးကြတယ်။ သားရဲ့ Volunteer လုပ်ဆောင်မှုအတွက် ကျွန်တော်ကတော့ ပီတိဖြစ်တယ်”လို့ သူကဆိုပါတယ်။  

Photo: Myinttar Myint Myat Hein

လူရွှင်တော်ကြီး ဦးမေတ္တာဟာ တစ်ချိန်က Volunteer အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ဖူးသူ လို့ သိရပါတယ်။ သူ့ အနေနဲ့ အသက်အရွယ်ကြောင့် လုပ်ခွင့်မရတော့တဲ့ အချိန်မှာ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ 

“ တကယ်တော့ Volunteer အတွက် အောင်သော်က လာခေါ်တာပါ။ ဒါပေမယ့် ကျွန်တော်က အသက်(၆၀)ရှိပြီဆိုတော့ သားက ပါပါးမလုပ်နဲ့ သားလုပ်မယ်ဆိုပြီးတော့ ပြောတယ်။ Volunteer လုပ်ရင် ပြန်လာလို့ မရဘူးနော်။ ပြီးတော့ လတွေ လတွေများလာရင် ဘာဖြစ်မယ်ဆိုတာ သူ့ကို သေချာ ပြောပြတယ်။ အဲဒီမှာ အဝတ်တစ်ထည် ကိုယ်တစ်ခု အပြင် ညဘက် အိပ်တာတွေ အဆင်ပြေဖို့ လိုအပ်တာတွေ သူ ယူသွားတယ်။ အခုချိန်ထိတော့ သူက အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမယ့် ညဘက်တွေကျတော့ သူတို့ စားရသောက်ရ အခက်အခဲဖြစ်တယ်လို့ ကြားတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myinttar Myint Myat Hein

ဦးမေတ္တာဟာ လက်ရှိမှာ အငြိမ့်၊ ပြဇာတ်တွေ နဲ့ အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့နေသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေကို ကျန်းမာရေး မကောင်းတဲ့ အတွက် ခဏတာ ရပ်နားလိုက်တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း ဖခင်ဖြစ်သူ ဦးမေတ္တာနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က