တခြားဘာမှမဖြစ်ပါဘူးတဲ့။

နေတိုးအနေနဲ့ သူပါဝင်ထားတဲ့ ဇာတ်ကားတွေအပေါ်မှာ မျှော်လင့်ချက်ကြီးနဲ့ ရိုက်ကူးခဲ့တာမျိုးမဟုတ်ဘဲ ပရိသတ်တွေကို ပေးဆပ်ဖို့အတွက် သာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။

Photo : နေတိုး



ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ နေတိုးက ပရိသတ်တွေနဲ့ ရင်ခုန်ခွင့်၊ ထိတွေ့ခွင့်ရတဲ့ ဘယ်အရာမဆိုအမြဲတမ်း ကြိုဆိုတယ်လို့ ဆိုပါတယ်။နေတိုးက မကြာခင်မှာ ပြုလုပ်မယ့် Star Awards ဆုပေးပွဲကြီးမှာ ပါဝင်တဲ့ People Choice Awards မှာပါဝင်ခြင်း မရှိတာနဲ့ ပတ်သက်လို့လည်း မီဒီယာတွေရဲ့ အင်တာဗျူးမှာယခုလို ဖြေဆိုပေးခဲ့ပါတယ်။

“ပရိသတ်ရဲ့ voting ကိုပဲ မကြိုက်တာ တခြားဟာကတော့ ကြိုက်တာ လုပ်လို့ရပါတယ်။ ကျွန်တော်တို့အနုပညာရှင်တွေကတော့ ပရိသတ်နဲ့ ဘယ်လိုပဲ ပရိသတ်တွေနဲ့ ရင်ခုန်ခွင့် ထိတွေ့ခွင့်တွေကိုတော့ အမြဲတမ်း ကြိုဆိုပါတယ်။ SMS ဟာလေးကကျတော့ ပရိသတ်တွေရဲ့ အမြင်မှာတမျိုးလေး ဖြစ်စေပါတယ်။ ဘာပဲ ဖြစ်ဖြစ် အကြောင်းအရာတစ်ခုက အဖက်ဖက်ကို စဉ်းစားဖို့ လိုအပ်တယ်လေ။ အဲ့ဒါကြောင့်မို့လို့ပါ။” ဆိုပြီး မတ်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ The Body Shop ဆိုင်ဖွင့်ပွဲမှာ ပြောခဲ့တာပါ။

နေတိုးရဲ့ ဇာတ်ကားတွေဟာလည်း Star Awards ဆုစာရင်းမှာ ပါဝင်ထားတဲ့အတွက် ပရိသတ်တွေကလည်း နေတိုးကို Star Awards က ပေးတဲ့ ဆုတွေ ရစေချင်ကြတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း နေတိုးအနေနဲ့ သူပါဝင်ထားတဲ့ ဇာတ်ကားအပေါ်မှာ မျှော်လင့်ချက်ကြီးနဲ့ ရိုက်ကူးခဲ့တာမျိုးမဟုတ်ဘဲ ပရိသတ်တွေကို ပေးဆပ်ဖို့အတွက် သာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကိုလည်း သူ့အနေနဲ့ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒမျိုး ရှိပါတယ်တဲ့။

“မျှော်လင့်ချက်ကတော့ ကျွန်တော်တို့ကတော့ မထားပါဘူး။ မထားဘူးဆိုတာက ရိုက်ကတည်းက ပရိသတ်ကို ကျွန်တော်တို့က ပေးဆပ်ဖို့အတွက်ပဲ ရိုက်တာ အနုပညာနဲ့ ဖျော်ဖြေတယ် တင်ဆက်တယ် ဆိုတာက ကျွန်တော့်တို့ဆီမှာ အခကြေးငွေဆိုတာ ကျွန်တော့်တို့ ဘက်မှာ အနုပညာကြေးဆိုတာ ရှိပြီးသားလေ။ အဲ့အတွက်ကြောင့် ပရိသတ်တွေဆီက ဆုလာဒ်ဆိုတာမျိုး ကိုမျှော်လင့်ပြီး လုပ်ခဲ့တယ်ဆိုတာမျိုးမရှိပါဘူး။ နောက်လည်း လုပ်မှာမဟုတ်ပါဘူး။ ပရိသတ်ရဲ့ မျှော်လင့်ချက်ကို ဘယ်အနုပညာရှင် မဆို ဖြည့်ဆ ည်းေ ပးချင်တဲ့ ဆန္ဒ ရှိတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်း ပရိသတ်တွေရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

Photo : နေတိုး

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ နေတိုးကို ၂၀၁၉ မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီဆု သိမ်းပိုက်နိုင်ဦးမယ့်သူအဖြစ် ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က