သူလည်း ကိုယ်ချင်းစာတတ်တယ်တဲ့။

ချောရတနာက ခန္ဓာကိုယ် ဝ လာမှ ဝတဲ့သူတွေအပေါ် ကိုယ်ချင်းစာတတ်လာတယ်လို့ဆိုပါတယ်။ ဒုတိယမြောက် ရင်သွေးလေးမွေးပြီးတဲ့နောက်မှာတော့ ပေါင် ၁၈၀ အထိ ဝခဲ့တယ်လို့ပြောပါတယ်။

Photo: Chaw Yandanar

ချောရတနာက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝလာတယ်လို့ ပရိသတ်တွေရဲ့ ပြောတာ ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က စိတ်မဆိုးတတ်ဘူးလို့ Duwun Media ကနေပြောပြထားပါတယ်။

‘’အပြောခံရတာပေါ့။ အမလေး ချောရတနာ ဝလာလိုက်တာ။ ကြည့်ပါဦး ဝတုတ်နေတာပဲ အဲဒီလိုလေးတွေ အပြောခံရတာပေါ့။ ဒါပေမယ့် ကိုယ်လည်း တကယ်ဝနေတာပဲ ဘယ်တတ်နိုင်မလဲလေ။ ဝတော့လည်း ဝပေါ့။ သူတို့ပြောတာလည်း မှန်နေတာပဲ’’ ဆိုပြီးတော့ စမိုင်းလ်ရဲ့ ‘’ ဝသောသူကို ကြင်နာပါ’’ စာအုပ်မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Chaw Yandanar

ချောရတနာဟာ ဒုတိယမြောက်သမီးလေးကို မွေးပြီးချိန်မှာတော့ ပေါင် ၁၈၀ ကျော်အထိကို ဝလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြိုးကြိုးစားစားနဲ့ ဝိတ်ပြန်ချခဲ့ရတယ်လို့ သူကဆိုပါတယ်။

‘’ဒါပေမယ့် ကိုယ်က ဝိတ်လျှော့နေတဲ့ကြားက ဝနေတယ်ဆိုတာ ဆက်တိုက် အပြောခံနေရတဲ့အခါကျတော့ နည်းနည်းလေးတော့လည်း စိတ်မကောင်းဖြစ်တာပေါ့။ အဲဒါကြောင့် ဝတဲ့သူတွေ အကုန်လုံးကို ကိုယ်ချင်းစာပါလို့။ မပြောကြပါနဲ့ပေါ့နော်’’ လို့ သူကပြောပါတယ်။

Photo: Chaw Yandanar

ခန္ဓာကိုယ် ဝလာမှ ဝတဲ့သူတွေအပေါ် ကိုယ်ချင်းစာတတ်လာတယ်လို့ ချောရတနာက ပြောပါတယ်။ အဲဒီအချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတဲ့အကြောင်း ဆက်လက်ပြောပြလာပါတယ်။

‘’ချောလည်း ကိုယ်ကိုယ်တိုင် တကယ်ဝလာတဲ့ အခါကျတော့မှ ဝတဲ့သူတွေကို တကယ် ကိုယ်ချင်းစာတတ်လာတယ်။ ဝတဲ့အတွက်ကြောင့် နေရထိုင်ရတာ လှတာ မလှတာထက် ကိုယ်နေရ ထိုင်ရတာ လေးသွားတယ်။ ကျန်းမာရေးနဲ့လည်း မညီညွှတ်ဘူးလို့ ခံစားရတယ်’’ လို့ ဆိုပါတယ်။

Photo: Chaw Yandanar

ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။ သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ် ပါတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။



က္က