တချို့က အဝတ်အစားနဲ့ပတ်သက်ရင် ပြောချင်ကြတယ်။

ဝါဆိုရဲ့ ဝတ်လေ့ဝတ်ထရှိတဲ့ ဖက်ရှင်တွေက ကျွန်တော့်ကို ပြောပြီးမှ ဝတ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက်က အခု စိတ်ကောက်ထားကြတယ်။ သူ မကြိုက်တာလည်း ကျွန်တော် မလုပ်ပါဘူး။

Photo: Warso Moe Oo



ဖြိုးလေးကတော့ ချစ်သူဖြစ်တဲ့ ဝါဆိုမိုးဦးရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး ဝေဖန်လာကြရင်လည်း မကြိုက်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။

‘’ မကြိုက်ဘူးပြောထားတဲ့ ဟာတွေကိုလည်း သူ သိပ်မလုပ်ဖြစ်ဘူးပေါ့။ အဝတ်အစားဝတ်ရင်လည်း ကျွန်တော့်ကို ပြောပြီးတော့မှ ဝတ်တာပေါ့။ အမှန်တော့ ဒါကလည်း သူ့လွတ်လပ်ခွင့်ပါ။ ကိုယ့်ဘာသာကိုယ်မကြိုက်တာဆိုတော့လည်း ပြောမိတာပေါ့။ တချို့တွေကျတော့ ဝတ်တာစားတာကို ပြောချင်တဲ့သူတွေရှိတယ်။ အဲဒီပြောချင်တဲ့လူတွေကိုကျတော့ ကျွန်တော်က လိုက်ခံစားနေရတာပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က Halloween Press ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Phyo Lay

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၃ နှစ်ကျော်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဝါကျွတ်ပေမယ့်လည်း သူတို့ အတွဲကတော့ ထူးထူးခြားခြား မပြောင်းလဲသေးဘူးလို့ သိရပါတယ်။

‘’ သီတင်းက ကျွတ်ပေမယ့်လည်း ကျွန်တော်တို့ အတွက်ကတော့ နောက်နှစ်တွေမှပေါ့နော်။ ကျွန်တော်တို့အတွက် အစီအစဉ်တွေကတော့ မရှိသေးဘူး အခုလောလောဆယ်တော့ သူ စိတ်ကောက်နေတယ်။ စိတ်ကောက်လိုက် ပြန်ချော့လိုက်ပဲပေါ့။ သူမကြိုက်တဲ့ဟာတွေကိုလည်း ကျွန်တော် သိပ်မလုပ်ဖြစ်တော့ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Phyo Lay

တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုကြတာထက် ပိုပြီး စကားများကြတဲ့ အချက်တွေလည်းရှိသေးတယ်လို့ ဝါဆိုမိုးဦးရဲ့ ချစ်သူ ဖြိုးလေးက ပြောပါတယ်။

‘’ သဝန်တိုပြီးရန်ဖြစ်တာတို့ဘာတို့တော့ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်ရှုပ်နေတဲ့အချိန်မှာ စကားပြောတာလေးတွေပေါ့နော်။ ကျွန်တော်ကလည်း အလုပ်ရှုပ်လာတဲ့အခါကျရင် သိပ်စိတ်မရှည်ဘူး။ သူကလည်း စကားပြောတာ အဆင်မပြေရင် တစ်ယောက်နဲ့ တစ်ယောက် အော်သလိုဖြစ်တာ၊ ငေါက်သလို ဖြစ်သွားတာလေးတွေနဲ့ပဲ စကားများနေကြတာ ဒီရက်ပိုင်းပေါ့’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Phyo Lay

ဖြိုးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က