သတို့သားအရံလုပ်ခဲ့ပေါင်းလည်း များနေပါပြီ။

ထွန်းထွန်းကတော့ သတို့သားအရံ အခါ ၆၀ လုပ်ရပေမယ့်လည်း ကျိန်းကြေမယ်ဆိုတဲ့ အယူမရှိပါဘူးတဲ့။ အစွံထုတ်သွားကြတဲ့ သူငယ်ချင်းတွေကိုလည်း အားကျနေပြီလို့ဆိုပါတယ်။

Photo: Tun Tun



အချစ်ရေးမှာ ကံကောင်းလိုက်၊ ကံဆိုးလိုက်ဖြစ်နေတဲ့ အဆိုတော် ထွန်းထွန်းကတော့ သီတင်းကျွတ်မှာ အစွံထုတ်သွားတဲ့ သူငယ်ချင်းတွေကို အားကျတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သီတင်းကျွတ်မှာ စွံသွားတဲ့ သူငယ်ချင်းတွေပေါ့။ ကျွန်တော်တို့ အဖွဲ့ထဲမှာ သက်အောင်ဆို စွံပြီလေ။ ဂုဏ်ယူပါတယ်။ လေးလည်း လေးစားပါတယ်။ အားလည်း အားကျပါတယ်။ ရှေ့ဆက်လျှောက်ကြပါလို့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Tun Tun

အဲဒီနောက် Examplez အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သက်အောင်ရဲ့ မင်္ဂလာဆောင်မှာလည်း သတို့သားအရံ လုပ်ခဲ့ရပါသေးတယ်တဲ့။ ထွန်းထွန်းတစ်ယောက် သတို့သားအရံလုပ်ခဲ့တာ အခါ ၆၀ လောက်ရှိပြီဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ သတို့သားအရံလုပ်ပေးရတာ အခါ ၆၀ တောင်ပြည့်တော့မယ်။ ဖြိုးမောင်မောင် လုပ်တုန်းကတောင် ၅၃ ခေါက်မြောက် နောက်ထပ်လုပ်ထားတာ ၈ ခေါက်လောက်ရှိပြီဆိုတော့ အခါ ၆၀ ရှိပြီ။ တကယ်မှတ်ထားတာ ဖြိုးမောင်ရဲ့ အနောက်မှသာ ဆက်မမှတ်ဖြစ်တော့တာ ၅၀ ကျော်ပြီ ၆၀ လောက်ရှိတော့မယ်။ ကျွန်တော်ကတော့ ကျိန်းကြေတယ်ဆိုတဲ့ အယူ မတွေးထားဘူး’’ လို့ သူကဆိုပါတယ်။

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က