ဒီအလုပ်နဲ့ စီးပွား မရှာဘူးလို့ ပြောလာပါတယ်။

ဖွေးဖွေးကတော့ သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးတွေ၊ သူမကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီလေးတွေနဲ့ ပိုက်ဆံမရှာဘူးလို့ ဆိုလာပါတယ်။ 

Photo: Phway Phway



ဖွေးဖွေးကတော့ Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ " ငါ့ကမ္ဘာထဲ" ၊ "ဘိုမ" စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ သူမရဲ့ သီချင်းသစ်လေးတွေကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ကြသလို သီချင်းခွေထုတ်မှာလားဆိုတဲ့ မေးခွန်းလေးတွေ လည်းရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဖွေးဖွေးကတော့ ဂီတနဲ့အသက်မွေးဝမ်း ကြောင်းပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဖွေးက Professional အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုမှာကတော့ သရုပ်ဆောင် အလုပ် တစ်ခုတည်းပါပဲ။ သီချင်းဆိုတာတွေ၊ ပန်းချီဆွဲတာတွေကကျတော့ ငယ်ငယ်လေးကတည်းက ဝါသနာပါလို့ ဒီအတိုင်း လက်တည့်စမ်းတဲ့ သဘောပဲ ဖွေးလုပ်ခဲ့တာပါ။ ဒီအလုပ်တွေနဲ့လည်း ဖွေး ပိုက်ဆံရှာမှာ မဟုတ်ပါဘူး။ Mood ဝင်ရင် ဝင်သလိုတော့ သီချင်း တစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ လုပ်သွားမှာပေါ့” လို့ ဆိုပြီးတော့ သူမရဲ့ သြဂုတ်လ(၉) ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Phway Phway

ဖွေးဖွေးအနေနဲ့ သရုပ်ဆောင် အလုပ်အပြင် အနုပညာနဲ့ ပတ်သက်ရင် နောက်ထပ် ဝါသနာလေးတွေက သီချင်းဆိုတာနဲ့ ပန်းချီဆွဲတာ ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာလည်း သူမဝါသနာပါတဲ့ အရာလေးတွေ အကောင်အထည်ဖော်ဖြစ်နေတာ တွေ့ရပါသေးတယ်။ 

ကိုဗစ်ကာလပြီးလို့ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးရမယ့် အချိန်မှာလည်း အနုပညာအလုပ်တွေကို အရင်နှစ်တွေတုန်းကထက် ပိုကောင်းအောင် ကြိုးစားမှာဖြစ်သလိုမြန်မာပြည်က လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ ဇာတ်ကာမျိုးလည်း ရိုက်ချင်တယ်လို့ ဆိုပါတယ်။

“ ဖွေးကတော့ မြန်မာပြည်က လူငယ်တွေကို စိတ်ဓာတ်ခွန်အားပေးတဲ့ ဇာတ်ကားမျိုးရိုက်ချင်တယ်။ အနုပညာအလုပ်တွေကို မနှစ်တုန်းကထက် ဒီနှစ်ကို ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ ဒီအတိုင်းပဲတော့ မကျေနပ်နိုင်သေးဘူး ဖွေး ထပ်ကြိုးစားဦးမှာပါ” လို့ သူကဆိုပါတယ်။

Photo: Amazing Grace

 ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က