စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန်တွေ အများကြီးပဲ။

သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လာရင် ဝါသနာကိုအရင်းခံပြီး အနုပညာလောကထဲ ခြေချလာခဲ့တဲ့ ရွှေပိုးအိမ်က သူမရဲ့ အခက်အခဲတွေကို အခုလို ပြောပြလာပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေး မလုပ်နိုင်တာကြောင့်လည်း ပရိသတ်အားပေးမှုနဲ့သာ ရပ်တည်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Shwe Poe Eain



သရုပ်ဆောင် ရွှေပိုးအိမ်ဟာ အခုဆိုရင် ဗီဒီယိုဇာတ်ကားတွေလည်းရိုက်ထားသလို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အနုပညာလမ်းကြောင်းပေါ်မှာ သူမအတွက် ခက်ခဲမှုတွေ ရှိနေသေးတာကြောင့် စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

‘’ ရွှေပိုးစိတ်ဓာတ်ကျတာတွေက အနုပညာနဲ့ပတ်သက်အရာတွေပေါ့နော်။ တစ်ခါတလေမှာ ကိုယ်နားမလည်တဲ့ အရာလေးတွေရှိတယ်၊ သရုပ်ဆောင်တဲ့အပိုင်းတွေမှာ ကိုယ်မကျွမ်းကျင်ပဲနဲ့ လုပ်ရတဲ့ဟာတွေဆိုရင် အခက်အခဲရှိတယ်။ ရွှေပိုးမလုပ်ဖူးတဲ့ ကာရိုက်တာတွေ လုပ်ရတဲ့အပေါ်မှာ အခက်အခဲတွေရှိတယ်။ အဲဒီအရာတွေကို လုပ်နိုင်ခဲ့တယ်ဆိုရင်တော့ အရမ်းပျော်တယ်၊ မလုပ်ခဲ့နိုင်ဘူးဆိုရင်တော့ စိတ်ဓာတ်ကျရတယ်ပေါ့နော်။ အခုချိန်မှာ အလုပ်အကြောင်းကိုပဲ အမြဲတွေးတယ်၊ အမြဲစဉ်းစားတယ်၊ ပရိသတ်တွေရဲ့ အားပေးမှုကို စိတ်ထဲ ထည့်ပြီး သူတို့အတွက် ပိုကြိုးစားမယ်’’ လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ် ဟာ အနုပညာနဲ့ပတ်သက်ပြီး မျိုးရိုးလည်း မရှိသူတစ်ယောက်ပါ။ ဝါသနာကို အရင်းခံပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် သူမရဲ့ ကြိုးစားမှုတွေကို ပရိသတ်တွေကလည်း အသိအမှတ်ပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

‘’ အရင်တုန်းကတော့ အခက်အခဲတွေ အများကြီးရှိခဲ့တာပေါ့နော်။ ခက်ခဲတာတွေကို ပြောပြမယ်ဆိုရင် အများကြီးပဲ။ အခုချိန်ထိလည်းရှိပါတယ်။ ဒါပေမယ့် အလုပ်ကိုချစ်တဲ့ စိတ်ရယ်၊ ပြီးတော့ အလုပ်လုပ်ဖို့အခွင့်အရေးပေးတဲ့ အနုပညာလောက က မောင်နှမတွေရှိနေတာကြောင့် အခက်အခဲအရမ်းကြီးတော့ မရှိတော့ဘူး။ ဒါတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ရွှေပိုးရဲ့ ကြိုးစားမှုကလည်း မနာလိုစိတ်နဲ့ မကြိုးစားဘူး၊ မခံချင်စိတ်နဲ့ပဲ ကြိုးစားပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Shwe Poe Eain

လက်ရှိမှာတော့ ရွှေပိုးအိမ်ဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ အရင်တုန်းကတော့ သူမဟာ ဒုတိယမင်းသမီးတစ်ယောက်အဖြစ်နဲ့ သာ ပရိသတ်အရှေ့ကို ရောက်ခဲ့ရသူပါလို့ ပြောပါတယ်။

‘’ ရွှေပိုးကလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးမရှိတဲ့အခါကျတော့ ပရိသတ်တွေ ကိုယ့်ကို အားပေးမှ၊ အခွင့်အရေးပေးမှ၊ အနုပညာလောကသားတွေ လက်တွဲခေါ်မှ အလုပ်တွေ လုပ်ရမှာ။ အလုပ်တွေ လုပ်ခွင့်ရတဲ့အချိန်မှာဆိုရင်တော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားဘူးပေ့ါ။ အလုပ်တွေ မလုပ်ရတော့ဘူးဆိုရင်တော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်မှာပေါ့နော်။ အဓိက ကတော့ ဗီဒီယိုပရိသတ်၊ ရုပ်ရှင်ပရိသတ်၊ ဇာတ်လမ်းတွဲပရိသတ်တွေရ ယ်လို့တော့မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က