ဈေးရောင်းရတဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ Covid ကာလမှာ ဈေးရောင်းရတဲ့ အလုပ်ထက် ဇာတ်ကားရိုက်နေရတာ ပိုပျော်တယ်လို့ဆိုပါတယ်။ 

Photo: Nhying Shin



နှိုင်းယှဉ်မြင့်မိုရ်ကတော့ COVID-19 ကာလမှာ တစ်နိုင်တပိုင်စီးပွားရေးအနေနဲ့ အဝတ်အထည်တွေကို Online ပါ်ကနေ ရောင်းချနေတာ တွေ့ရပါတယ်။ သူမအတွက်တော့ စီးပွားရေးအလုပ်ဟာ ဝါသနာပါတဲ့ အနုပညာအလုပ်ထက် ပို ပင်ပန်းတယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Covid ကာလမှာ Online Shopping လုပ်ရတာနဲ့ ဇာတ်ကားတွေ ရိုက်ရတဲ့ ကွာခြားမှုက သူများတွေတော့ မသိဘူး အစ်မကတော့ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရတာ ပိုပျော်တယ်။ ပင်ပန်းတယ်ဆိုရင်လည်း ပင်ပန်းတယ်လို့ မမြင်ဘူး။ Online Shopping လုပ်တဲ့အခါမှကျတော့ ကိုယ်ပိုင်စီးပွားရေးက အခုမှ စလုပ်လိုက်တဲ့ အခါကျတော့ စာရင်းတွေလည်း လုပ်ရတယ်။ လူတစ်ယောက်တည်းနဲ့ ဆက်ဆံရတာမဟုတ်ပဲ အများနဲ့ ပြောရတာဖြစ်တဲ့အတွက် တကယ်ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ် ဒီလုပ်လေး လုပ်နေရတဲ့အတွက် ဝမ်းသာတယ်။ ယှဉ်ကြည့်လိုက်တဲ့အခါကျရင် ကိုယ် ဝါသနာ တကယ်ပါတဲ့ အလုပ်လုပ်ရတဲ့ အခါမှာ ပင်ပန်းတယ်လို့ မခံစားရဘူးပေါ့” လို့ ဆိုပါတယ်။ 

Photo: Nhying Shin

COVID-19 ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားရတယ်လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။ အလုပ်တွေ ပြန်လုပ်ရတဲ့အခါကျရင် ပိုကြိုးစားသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

“ အိမ်မှာနေတော့ အင်အားတွေ ပိုပြည့်သွားတာပေါ့နော်။ အစားအသောက်ပျက်တာတွေလည်း မရှိတော့ဘူး၊ အိပ်ရေးပျက်တာတွေလည်း မရှိတော့ဘူးပေါ့။ အရင်တုန်းကဆို ငါတို့ အလုပ်တွေ အရမ်းလုပ်ရတယ်။ ကိုယ့်သူငယ်ချင်းတွေကို သတိရလိုက်တာ၊ အရင်တုန်းက အလုပ်အပေါ် တန်ဖိုးမထားခဲ့တဲ့ အချိန်တွေလည်း ရှိကောင်း ရှိလိမ့်မယ်။ အလုပ်တွေ ပြန်လုပ်ရတဲ့အခါကျရင် ဘယ်လို အားစိုက်ထုတ်မယ်၊ ဘယ်လို ကြိုးစားမယ် ဆိုတာတွေတော့ တွေးမိတာပေါ့နော်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

Photo: Nhying Shin

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ COVID-19 ကာလမှာ လူငယ်အကြိုက် ဒီဇိုင်းခပ်မိုက်မိုက် အဝတ်အစားတွေ၊ ဝမ်းဆက်တွေ အပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို Online ကနေ ရောင်းနေတာ ဖြစ်ပါတယ်။ သူမကို ချစ်ခင်လို့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ အမြဲပါဝင်နေကြဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကလည်း ပိုတိုးလာခဲ့ပါတယ်။ သူမ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း နဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ထား တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က