သူကိုယ်တိုင်ကလည်း အမှုဆောင်တစ်ယောက်ပါ။
Sabal Thwin

ကေညီကတော့ သားလေးကို လက်ဝှေ့ပညာသင်ပေးမယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှာ အမှုဆောင်တစ်ယောက်အဖြစ်ပါဝင်ထားတယ်လို့ သိရပါတယ်။

Photo: David K Nyi

သရုပ်ဆောင် ကေညီကတော့ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှာ အမှုဆောင်တစ်ယောက်အဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။ လက်ဝှေ့နဲ့ ပတ်သက်ပြီးတော့လည်း ဝါသနာကြီးတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ လက်ဝှေ့ထိုးတာကိုတော့ ဝါသနာပါတာ။ ရိုးရာ လက်ဝှေ့ကိုလည်း တကယ်ကြိုက်တယ်။ နယ်တွေမှာ လုပ်လည်း တစ်ခါတလေ သွားအားပေးတယ်။ ကြိုက်တယ်။ အင်တာနက်ဖွင့်ပြီးတော့လည်း MMA ပွဲစဉ်တွေအားပေးတယ်။ ကိုယ့်ဗလ နဲ့ကတော့ လက်ဝှေ့ထိုးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်သီးတော့ ဖြောင့်အောင်မထိုးတတ်ဘူး မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင်ပါ’’ လို့ သူကဆိုပါတယ်။

Photo: David K Nyi

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှာ အနုပညာရှင်တစ်ယောက်အနေနဲ့ အမှုဆောင်ဖြစ်တာ သူတစ်ယောက်တည်း မဟုတ်ဘူးလို့လည်း ကေညီက ပြောပါတယ်။

‘’ International ပွဲတွေမှာ ဒိုင်လုပ်လေ့ရှိတဲ့ အစ်ကိုနိုင်စိုး ကနေပြီးတော့ ကျွန်တော်ရယ်၊ မြင့်မြတ်ရယ်၊ ဒါရိုက်တာဝင်းထွန်းထွန်းရယ်ကို အလုပ် အမှုဆောင်နေရာမှာ ထည့်ပေးထားတယ်။ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှာ ရန်ပုံငွေပွဲတွေလုပ်တဲ့အခါ အနုပညာအလုပ်နဲ့ ရန်ပုံငွေရအောင်ဖန်တီးပေးမယ်။ ကြော်ငြာပေးမယ်။ အဲဒီအပိုင်းလေးတွေ ကူညီပေးဖို့အတွက် တာဝန်ယူထားတာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က ‘’အကြင်နာမြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲ အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: David K Nyi

ကေညီကတော့ ကိုယ်တိုင် ဝါသနာပါခဲ့တဲ့ လက်ဝှေ့သမားတစ်ယောက်မဖြစ်လာပေမယ့် အငယ်ဆုံး သားလေးကိုတော့ လက်ဝှေ့ပညာရပ်ကို သင်ပေးမယ်လို့ ဆိုပါတယ်။

‘’ အငယ်ကောင်ကတော့ လက်ဝှေ့ကို ဝါသနာပါတယ်။ လက်သီးလက်မောင်းတွေ တန်းနေပြီ။ အကြီးကောင်ကတော့ ပန်းချီဆရာလုပ်မှာ။ သရုပ်ဆောင်လည်းမလုပ်ဘူး ပန်းချီတစ်လိုင်းပဲ သွားတာ။ အငယ်ကောင်ကတော့ ကျွန်တော်နဲ့ နည်းနည်းတူတယ်။ ဟော့ဟော့ရမ်းရမ်း သဘောကျတယ်။ သူ့ကိုတော့ လက်ဝှေ့သင်ပေးမယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: David K Nyi

ကေညီကတော့ အခုဆိုရင် ချစ်ရတဲ့ ဇနီးနဲ့ အတူ သားနှစ်ယောက်အဖေအဖြစ် ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကားတွေထဲက ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာပြီး ပရိသတ်အခိုင်အမာ ပိုရလာတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အခုချိန်ထိ ရပ်တည်နေတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က