စိတ်မကောင်းဖြစ်ရတဲ့ အချိန်တွေလည်း အများကြီးရှိခဲ့တယ်။

ထက်ဦးထွဋ်ကတော့ မိဘပံ့ပိုးမှုအပြည့်အဝမရှိပဲ အနုပညာအလုပ်တွေကို တစ်ယောက်တည်းကြိုးစားနေရတယ်လို့ ဆိုပါတယ်။ သူ့ရည်မှန်းထားသလို ဖြစ်မလာမချင်းလည်း ဆက်ပြီး ကြိုးစားနေဦးမယ်လို့ ပြောပါတယ်။

Photo: Htet Oo Htut



ထက်ဦးထွဋ်ကတော့ Mister ပြိုင်ပွဲတွေဝင်ပြိုင်ရင်း အနုပညာလောကထဲကို ရောက်ရှိလာတဲ့သူဖြစ်ပါတယ်။ ရည်ရွယ်ထားတဲ့ အောင်မြင်မှုတစ်ခု မပိုင်ဆိုင်ရမချင်း ကြိုးစားမှုတွေ လျော့သွားမှာ မဟုတ်ဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ကျွန်တော်ကတော့ ကြိုးစားနေတာ ဖြစ်မလာရင်လည်း ဆက်ကြိုးစားနေဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမပေးဘူး။ ဒီအလုပ်က ကြိုးစားတိုင်းလည်း အောင်မြင်တဲ့အရာမဟုတ်ဘူး။ မကြိုးစားပဲနဲ့လည်း အောင်မြင်သွားတဲ့အရာတွေလည်းရှိတယ်။ ဒါကလည်း ကံတွေ၊ စန်းတွေအပြင် အတိတ်ဘဝကသူတို့ရဲ့ ကုသိုလ်ကံတွေနဲ့လည်း အများကြီးဆိုင်မယ်လို့ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Young Lay X Kiss

သူတန်ဖိုးထားပြီး ဝါသနာပါလွန်းတဲ့ အနုပညာအလုပ်အပေါ် မိဘတွေက ကန့်ကွက်တာမျိုးတွေတော့ မရှိခဲ့ပေမယ့်လည်း အနုပညာအလုပ် အတွက် ပံ့ပိုးပေး တာမျိုးတွေလည်း မရှိဘူးလို့ သူက ပြောပါတယ်။

‘’ ဒီလောကထဲကို စဝင်လာကတည်းက အခက်အခဲတွေက အများကြီးပဲရှိတာပါ။ တစ်ယောက်တည်း ရုန်းကန်ရတာများတယ်။ အိမ်ကလည်း ဒီအလုပ်ကို ဝါသနာပါတယ် လုပ်ခွင့်ပေးထားတယ်ဆိုပေမယ့် ဘာမှ ပံ့ပိုးပေးတာမျိုးတွေ မရှိဘူး။ ရှုတင်သွားတာတွေကလည်း တစ်ယောက်တည်းသွားရတယ်။ မိတ်ကပ်တွေဆိုရင်လည်း ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းပြင်တတ်လာတယ်။ တစ်ယောက်တည်း ဆိုတော့လည်း ကိုယ့်ဘာသာကိုယ်လုပ်ရတာ အတွေ့အကြုံပိုရလာတယ်ပေါ့’’ လို့ ဆိုပါတယ်။

Photo: Yemilay

ထက်ဦးထွဋ်ဟာ အနုပညာအလုပ်လုပ်နေတဲ့ ရွယ်တူ အပေါင်းအသင်း၊ သူငယ်ချင်းတွေကို အရမ်းအားကျတယ်လို့ ဆိုပါတယ်။ မိဘပံ့ပိုးမှုအပြည့်အဝ ရထားတဲ့ သူငယ်ချင်းတွေကိုမြင်တိုင်း ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ်တွေ ဖြစ်မိတယ်လို့လည်း ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

‘’ ပွင့်ပွင့်လင်းလင်းပြောရရင် မိဘပံ့ပိုးမှုတွေလည်းရှိ၊ ဝါသနာပါရာလည်း လုပ်ခွင့်ရနေတဲ့ ရွယ်တူတွေကို အားကျတယ်။ အားလည်း အားငယ်တယ်။ သူတို့ မိဘတွေက ပံ့ပိုးမှု အပြည့်ပေးကြတယ်။ အလုပ်လုပ်ရတဲ့လူကအလုပ်ထဲမှာ အပြည့်အဝစိတ်ထားလို့ရတယ် ကျန်တာတွေကို လှည့်ကြည့်စရာမလိုဘူး။ ကျွန်တော်ကကျတော့ အဝတ်အစားတွေကအစ စီစဉ်ရတယ်။ နောက်နေ့ ရှုတင်ရှိတယ်ဆိုရင် ကိုယ်မှာ ကြိုပြီးတော့ လုံးပန်းနေတာ။ တချို့အပိုင်းတွေမှာ အရမ်း အားငယ်တယ်၊ ကိုယ့်အားကိုယ်ကိုးရတဲ့အတွက်တော့ ပိုကောင်းတာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htet Oo Htut

ထက်ဦးထွဋ်ကိုတော့ Boy Love Series တစ်ခုဖြစ်တဲ့ ‘’Innocence’’ ဇာတ်လမ်းတွဲမှာပါဝင်မယ့် မြူခိုး ကာရိုက်တာနဲ့ ပရိသတ်တွေ ပိုသတိထားမိခဲ့ကြ တာပါ။ ဒီဇာတ်လမ်းတွဲကနေ နှုတ်ထွက်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်အားပေးမှု လျော့နည်းသွားတယ်လို့ သူက ဆိုပါတယ်။ သူဟာ Model တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းတော့မယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က Dutch Mill Shining Star ရဲ့ Winner တစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဇာတ်ကားရိုက်ကူးဖို့တွေ လာရောက် ကမ်းလှမ်းထားတာ ရှိတယ်လို့ သူက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က