မာနနဲ့ အတ္တက မလျှော့နိုင်သေးဘူး။
Sabal Thwin

မေတိုးခိုင်ကတော့ အနုပညာအလုပ်တွေကို မစွန့်လွှတ်နိုင်သေးလို့ ပြည်ပမှာ ကျောင်းတက်ဖို့တောင် နှောင့်နှေးနေပြီလို့ ဆိုပါတယ်။

Photo: May Toe Khaing

ပရိသတ်အချစ်တော် မင်းသမီးချောလေး မေတိုးခိုင် တစ်ယောက် နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်လို့ သိရပါတယ်။ စီစဉ်ထားတာ ကြာပြီဆိုပေမယ့် အနုပညာအလုပ်တွေကို မစွန့်လွှတ်နိုင်သေးဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

“မာနကြောင့် စွန့်လွှတ်ခဲ့ရတဲ့ အရာတွေ မရှိပါဘူး။ ဒါပေမယ့် အခုဆိုရင် ဟိုမှာ ကျောင်းသွားတက်မယ် ဆိုပေမယ့် အခုထိကျောင်းသွားမတက်ရသေးဘူး။ ကိုယ်က ဒီမှာနေချင်တယ်၊ ဒီအလုပ်ကို ဝါသနာပါတယ်။ ဟိုမှာ ကျောင်းတက်ဖို့အတွက် ဒီမှာ အလုပ်လုပ်ချင်တဲ့ မာနနဲ့ အတ္တက မလျှော့နိုင်သေးဘူး။ အခုချိန်ထိ ကျောင်းသွားမတက်ရသေးတာကတော့ ကိုယ့်ဘာသာကိုယ် လွန်ဆွဲနေတဲ့ အရာတစ်ခုပေါ့နော်” လို့ ဆိုပါတယ်။

Photo: May Toe Khaing

မေတိုးခိုင်ကတော့ အခုဆိုရင် ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ဖြစ်သလို အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အရှုပ်အရှင်းကင်းသူ တစ်ယောက်ပါ။ မေတိုးခိုင်ဟာ သူပိုင်ဆိုင်ချင်တဲ့ အချစ်ရေးအကြောင်းကို ပြောပြလာပါသေးတယ်။

“ အဓိက ကတော့ နားလည်မှုအပြည့်ရှိတဲ့ ယောကျ်ားပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို သိတဲ့သူပေါ့။ အဲဒီအတွက်ကြောင့် တော်တော်များများက ချက်ချင်းကြိုက်ပြီး ချက်ချင်းယူတယ်ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် ဒါက မဖြစ်နိုင်ဘူးပေါ့နော်။ ကိုယ့်အကြောင်းကို အများကြီး သိတဲ့သူကို ယူတာက ပိုပြီးတော့ ကောင်းမယ် ထင်ပါတယ်” လို့ ဇန်နဝါရီလ ၄ ရက်နေ့က “ပျံကျကူလီ” ရုပ်ရှင်ဇာတ်ကား အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: RBV

နှစ်သစ်မှာလည်း မေတိုးခိုင်က အနုပညာအလုပ်တွေ ဆက်လုပ်ရင်း ဖြတ်သန်းသွားဦးမယ်လို့ သိရပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လွတ်လွတ်လပ်လပ်နေပြီး ဘေးနားကသူတွေကိုပဲ ချစ်နေမယ်လို့ သူကဆိုပါတယ်။

“ချစ်တော့ ချစ်တတ်တယ် အရမ်း။ ကိုယ်က ချစ်စရာတွေကလည်း အများကြီးပဲ။ ကိုယ့်ဘာသာကိုယ် နေနေရတာကို ကြိုက်တယ်။ သွားလာရတာကို ကြိုက်တယ်။ လွတ်လွတ်လပ်လပ် ပုံစံမျိုးပေါ့နော်။ ၂၀၂၀ မှာလည်း ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပြီးတော့ ပိုပြီးတော့ ယုံကြည်မှုရှိတဲ့ လူသားတစ်ယောက်အနေနဲ့ ဖြတ်သန်းသွားချင်ပါတယ်” လို့ ပြောပါတယ်။

Photo: May Toe Khaing

မေတိုးခိုင်ကိုတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကိုတော့ မိသားစုဝင်တွေကရော ပရိသတ်တွေကပါ ဖူးဖူး လို့ခေါ်ကြပါတယ်။ အခုဆိုရင်တော့မေတိုးခိုင်ဟာ တီဗီကြော်ငြာတွေ အများကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ အတူတူရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က