Fan Meeting လေး လုပ်ချင်တယ်တဲ့။
Ei Ei Myat

ပရိသတ်တွေရဲ့ အချစ်ကို အခုချိန်ထိ ရရှိထားတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက သူမကို အားပေးနေတဲ့ အမာခံ ပရိသတ်တွေနဲ့ အပြင်မှာ တွေ့ဆုံချင်တယ်လို့ဆိုပါတယ်။ Fan Meeting လေးလုပ်ဖို့ကိုလည်း စီစဉ်နေပါတယ်။

Photo : pro studio

ကျန်းမာရေးကောင်းပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက သူမကို အားပေးနေကြတဲ့ အမာခံပရိသတ်ေ တွနဲ့အပြင်မှာ တွေ့ဆုံနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း Fan Meeting လုပ်ဖို့လည်း စီစဉ်နေတယ်လို့ Duwun media ကိုပြောပါတယ်။

“ပရိသတ်တွေအခုထိချစ်ပေးနေကြတာကို အရမ်းကျေးဇူးတင်တယ်။ ပရိသတ်တွေကို ဘယ်လိုကျေးဇူးဆ ပ်ရမှန်းကို မသိဘူး။ ကိုယ့်ကို ချစ်ပေးကြတာလေ။ ရင်ထဲမှာ ထပ်တူထပ်မျှပါပဲ။ အမြဲတမ်းပဲ ကိုယ့်မိဘလိုသဘောထားပြီး ကိုယ့်ရဲ့ ကျေးဇူးရှင်လို သဘောထားပြီး အကုန်လုံးကို မေတ္တာပို့ ပြီးမှ အိပ်တာပါ။ Fan Meeting လုပ်ဖို့တော့ ရှိတယ်။ စဉ်းစားထားတယ်။ ဘယ်လိုထူးထူးဆန်းဆန်းလေး လုပ်ရမလဲပေ့ါ။ we love တွေနဲ့ တွေ့ပါဦးမယ်”လို့ သူမက ဆိုပါတယ်။

Photo : my dream

သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း မကြာခင် ပြန်မြင်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပွဲတွေ တက်ရောက်ဖြစ်နေသလို ကြော်ငြာတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

သူမဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မကြာခဏ ခွဲစိတ်မှုတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့ အချိန်မှာတော့ အလုပ်တွေ ကြိုးစားရဦးမယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

‘’စိတ်မပူပါနဲ့ ကိုယ်ကတော့ ခဏခဏ နှလုံးခွဲလိုက်၊ လည်ပင်းခွဲလိုက်၊ ဗိုက်ခွဲလိုက်ဆိုတော့ ကိုယ့်အတွက်ကတော့ ဘာမှ သိပ်မထူးဆန်းတော့ဘူး။ ကြောက်တော့ ကြောက်တာပေါ့နော်။ ဒါပေမယ့် နာလည်း နာတယ် ခဏပါပဲ။ ပြီးတော့လည်း အလုပ်ပြန်ကြိုးစားရမှာပေါ့။ ဒီအလုပ်ကို လုပ်ချင်တော့ စိတ်ကူးနဲ့ရူးခဲ့ရတယ်’’လို့ သူကဆိုပါတယ်။

Photo : my dream

ထက်ထက်မိုးဦးက သူဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်ခွင့်ရခဲ့တာကြောင့်လည်း အရမ်းပီတိဖြစ်တယ်လို့ဆိုပါတယ်။ ဒီအလုပ်က ရတဲ့ အနုပညာကြေးနဲ့ မိသားစုကို လုပ်ကျွေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

‘’ငယ်ငယ်တုန်းက ကိုယ်လုပ်ချင်ခဲ့တဲ့ အလုပ်ကိုလည်း တကယ်တမ်း လုပ်ခွင့်ရတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း တကယ်ဖြစ်လာတဲ့အတွက် အလုပ်ကို ပိုပြီးတော့ ကြိုးစားဖြစ်တယ်၊ ပိုလုပ်ဖြစ်တယ်။ ပိုက်ဆံလည်းရတယ်၊ အလှူအတန်းတွေလည်း လုပ်ရတယ်၊ ကိုယ့် မိဘတွေ၊ မောင်နှမတွေကို လုပ်ကျွေးခွင့်ရတဲ့အတွက် အစစအရာရာ ဝမ်းသာပါတယ်’’ လို့ သူက ဆိုပါတယ်။

  

Photo : my dream

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။


က္က