သူတို့လေးတွေနဲ့ ခရီးအတူတူထွက်ချင်တယ်။

စိုးမြတ်သူဇာက သူမရဲ့ We Love လေးတွေအပေါ် ထားတဲ့ သဘောထားကို ပြောပြလာပါတယ်။ ပျော်ပျော်ပါးပါး ခရီးတွေလည်း ထွက်ချင်ပါသေးတယ်တဲ့။

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာကတော့ သူချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ခရီးသွားချင်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူမကို ချစ်ခင်အားပေးကြတဲ့ အမာခံ ပရိသတ်တွေဟာ များပြားလှတဲ့အတွက် ပိုက်ဆံထပ်စုရဦးမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



"Fan Meeting လုပ်ရအောင်လည်း သူတို့နဲ့ အရေးတကြီးလုပ်စရာကိစ္စမရှိဘူး။ လုပ်စရာရှိတာကတော့ ပျော်ပွဲစားထွက်ဖို့၊ လက်ယား လက်ယားလုပ်ဖို့တော့အစီအစဉ်ရှိတယ်။ ဘတ်ဂျက်လည်း နည်းနေသေးလို့ပါ။ သူတို့ကို ခေါ်သွားမယ်ဆိုကလည်းက ကိုယ်ပဲ စားရိတ်ခံချင်တာပေါ့။ လူတွေကများတော့ တစ်ညအိပ်၊ နှစ်ညအိပ်ဆိုရင် ဟိုတယ်ခတွေကလည်း ဈေးတက်လာတော့ ကိုယ်လည်း အဲဒီလောက် မချမ်းသာသေးဘူး။ ကားခတွေရောပေါ့။ ကားခအလကားပေးတဲ့လူ၊ ဟိုတယ် အလကားပေးတဲ့လူကို ရှာနေပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ညက "သန်းခေါင်ယံ" ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

We Love လေးတွေကလည်း စိုးမြတ်သူဇာကို အရမ်းချစ်ကြသလို စိုးမြတ်သူဇာကလည်း သူ့ရဲ့ We Love လေးတွေကို ကလေးလေးတွေလို သဘောထားတယ်လို့ ဆိုပါတယ်။

" သူတို့ကလည်း ပြောပါတယ်။ မျက်နှာအငယ်မခံနဲ့တဲ့။ သမီးတို့လည်း ပိုက်ဆံဝိုင်းပြီးတော့ စုထည့်ကြမှာပေါ့တဲ့။ ကိုယ်ကလည်း မထည့်စေချင်ဘူး။ ဒါကလည်း ကလေးတွေကို ချစ်လို့။ သူတို့က ကျောင်းသူလေးတွေ၊ ဝန်ထမ်းတွေဆိုပေမယ့်လည်း ကိုယ့်ရဲ့ မျက်စိထဲမှာတော့ အားလုံးကို ကလေးလို့ ယူဆတဲ့အတွက် မကြီးပဲ တာဝန်ယူချင်တာပါ" လို့ ဆိုပါတယ်။

Photo: Soe Myat Thuzar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က