ဖြိုးငွေစိုး၊ ရဝေအောင်တို့နဲ့ ရင်းနှီးမှုကို ပြောပြလာပါတယ်။
Sabal Thwin

ချောရတနာဟာ အနုပညာလောကမှာ အစ်ကိုတစ်ယောက်လို ရင်းနှီးရတဲ့ သရုပ်ဆောင် ရဝေအောင်ကို မိန်းမ မယူစေချင်ဘူးလို့ ဆိုပါတယ်။ 

Photo: Chaw Yadanar

သရုပ်ဆောင် ချောရတနာကတော့ တစ်ချိန်က အနုပညာအလုပ်တွေ အတူတူလုပ်ခဲ့သူတွေထဲကမှ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီး ရဝေအောင်ကို အိမ်ထောင်မပြုစေချင်တော့ဘူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ ကိုဝေ့ ကို အိမ်ထောင်မပြုစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ဘာသာသူ အေးချမ်းနေတာကိုပဲ ကိုယ်က မြင်ချင်ပါတယ်။ အစ်မဆိုရင် အိမ်ထောင်ပြုတယ်၊ သားသမီးတွေ ရလာတယ်။ သားသမီးကို ပူရတဲ့ အပူက ဘာနဲ့မှ မတူဘူး။ တစ်ခါတလေတော့ အထီးကျန်သလို သူခံစားရင် ခံစားရမှာပေါ့နော်။ ဒါပေမယ့် ကိုဝေရယ်ပေါ့ ဒီအထီးကျန်မှုဆိုတာ ခဏတာပါပေါ့။ ကလေးတွေရဲ့ အပူက ဘာနဲ့မှ မတူဘူးလို့။ ဒါကြောင့် သူ့ကို အိမ်ထောင်မပြုစေချင်တာပါ” လို့ ဆိုပါတယ်။ 

Photo: Chaw Yadanar

အနုပညာအလုပ်တွေ အတူတူလုပ်ခွင့်မရတော့တဲ့ အချိန်မှာ အရင်တုန်းက အကြောင်းတွေ ပြန်တွေးတိုင်း သတိရမိတယ်လို့ ချောရတနာက ပြောပါတယ်။ အရမ်းရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ပြန်မဆုံဖြစ်ကြဘူးလို့ သူက ဆိုပါတယ်။ 

“ အစ်မက VCD ခေတ်တုန်းကဆိုရင် ကိုဖြိုးတို့ ကိုဝေ တို့နဲ့တွဲရိုက်တာများကြတယ်။ အခုဆို ကိုဖြိုးရော၊ အစ်မရောက ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဆိုတော့ မတွေ့ဖြစ်ကြဘူး။ ကိုဝေဆိုရင်လည်း အရင်တုန်းကဆို နေ့တိုင်းအလိုလို တွေ့ဖြစ်တယ်။ သူကတော့ လူပျိုကြီးက တစ်ယောက်တည်းပါပဲ။ သူတို့နဲ့ ပြန်တွေ့လို့ရှိရင် အရမ်းပျော်တယ်။ ပြီးတော့ အရင်တုန်းက အချိန်တွေ ပြန်ရောက်သွားသလိုလည်း ခံစားရတယ်။ ကိုယ်ကလည်း အရင်တုန်းက သူတို့ကြပ်သမျှအစ်မက ယုံနေရတာ။ သူတို့က ကိုယ့်ဆိုရင်လည်း အမြဲတမ်းနောက်တယ်။ သူတို့နဲ့ ပြန်ဆုံရင် စိတ်လည်းပေါ့ပါးသွားသလို ခံစားရတယ်” လို့ သူက ပြောပါတယ်။ 

Photo: Chaw Yadanar

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အဲဒီနောက် ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က