အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူပါ။
Thu Thaw Di Soe Min

"အသက်ရှုစက်က ဆေးရုံတိုင်း လိုအပ်တာ ပဲလေနော်။ .အစက တောင်ဥက္ကလာကိုလည်း လှူဖို့လုပ်ထား တာ။တောင်ဥက္ကလာကလည်းလူနာကလည်းများတော့လေ။ဒါပေမယ့် Positive လူနာတွေ အများဆုံးလက်ခံ နေရတဲ့ ဝေဘာဂီ ဆေးရုံကိုပဲ လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်။We Love Yangon က နေတဆင့် သွားလှူပေးမှာပါ"လို့ သရုပ်ဆောင်စမိုင်းလ်က Duwun ကို ပြောပါတယ်။

Photo : စမိုင်းလ်

Covid-19 ရောဂါ အတွက် လိုအပ်လျှက်ရှိတဲ့ အသက်ရှုစက် (Ventilator) စက်ကိုသရုပ်ဆောင် စမိုင်းလ်က We Love Yangon အဖွဲ့က တဆင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သိန်း၁၃၀တန်ဖိုးရှိတဲ့ အသက်ရှုစက်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

"အသက်ရှုစက်က ဆေးရုံတိုင်း လိုအပ်တာ ပဲလေနော်။ .အစက တောင်ဥက္ကလာကိုလည်း လှူဖို့လုပ်ထား တာ။တောင်ဥက္ကလာကလည်းလူနာကလည်းများတော့လေ။ဒါပေမယ့် Positive လူနာတွေ အများဆုံးလက်ခံ နေရတဲ့ ဝေဘာဂီ ဆေးရုံကိုပဲ လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်။We Love Yangon က နေတဆင့် သွားလှူပေးမှာပါ"လို့ သရုပ်ဆောင်စမိုင်းလ်က Duwun ကို ပြောပါတယ်။

Photo : စမိုင်းလ်

 Covid- 19 ရောဂါ နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေနဲ့ကျန်းမာရေးအသိပညာတွေကို လူမှုကွန်ရက်စာမျက်နှာက နေ တဆင့်ပြည်သူတွေဆီကို လှုံ့ဆော် ပေးနေကြဖြစ်တဲ့ သရုပ်ဆောင် စမိုင်းလ်က ပြည်သူလူထုအ နေနဲ့ အ ကြောက်တရားရှိဖို့နဲ့ မဖြစ်မ နေ အပြင်ထွက်ရရင်လည်းနှာခေါင်းစည်း၊ လက်အိတ်စွတ်ဖို့ နဲ့ ၆ပေ အကွာ နေဖို့ကိုလည်း ကျန်းမာရေးအသိ ပေးခဲ့ပါတယ်။

"အခုက လူနာတွေ များလာတာနဲ့အမျှ ပြည်သူတွေကိုအပြင်မှာ ပိုပြီးတွေ့လာရတယ်။ နှာခေါင်းစည်းတပ်ပါ။လက်အိတ်လေးစွတ်ပေးပါ။တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာ နေ ပေးကြဖို့ တိုက်တွန်းချင်ပါတယ်" လို့လည်းပြောခဲ့ပါတယ်။

Photo : စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်က အလှူအတန်းတွေနဲ့ ပတ်သက်လာရင် မကြာခဏ ဆောင်ရွက်တတ်သလို အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က