ကစ်ကိုလည်း ဖွေးက ချီးကျူးထားလို့ ပျော်တယ်။

ဝတ်မှုံရွှေရည်ကတော့ ဆံပင်စတိုင်လ်အသစ်လေးပြောင်းခဲ့တဲ့ ဖွေးဖွေးရဲ့ သတ္တိကို ကြိုက်တယ်တဲ့။ ဖွေးရဲ့ အလုပ်ကြိုးစားမှုတွေကိုလည်း အားပေးတယ်လို့ ဆိုပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဆံပင်စတိုင်လ်အသစ် ပြောင်းလိုက်တဲ့ ဖွေးရဲ့ သတ္တိကို သဘောကျတယ်လို့ ဆိုပါတယ်။ ဖွေးရဲ့ အနုပညာအလုပ်တွေကိုလည်း အားပေးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ဝေဖန်တာထပ် သူလည်း ကြိုးစားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကစ်က ကြိုးစားတဲ့သူတွေ အားလုံးကို အားပေးတယ်။ သူလည်း ကြိုးစားတဲ့သူဖြစ်တဲ့အတွက် ဘယ်လို Comment ပေးရမလဲတောင် မသိဘူး။ အခု သူ Hair Style လေး ပြောင်းထားတယ်။ အဲဒီလို သတ္တိကိုလည်း ကြိုက်တယ်။ ကစ်လည်း ပြောင်းချင်တဲ့ စိတ်ရှိရင်တော့ ပြောင်းမှာပေါ့ အဓိက က စိတ်ပဲလေ နော်” လို့ သူကဆိုပါတယ်။

ဝတ်မှုံရွှေရည်ပါဝင်သရုပ်ဆောင်ထားတဲ့ “နင်ငါ့ကို မချစ်ဘူး” MTV လေးကိုလည်း ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည် မျှဝေခဲ့တာ တွေ့ရပါတယ်။ ဝတ်မှုံရွှေရည် သရုပ်ဆောင်ထားတာ ကောင်းတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ ဒီလို ချီးကျူးပြောခဲ့တဲ့အပေါ် ဝတ်မှုံရွှေရည်က ပျော်တယ်လို့ ဆိုပါတယ်။

“နင် ငါ့ကိုမချစ်ဘူး MTV လေးကို ဖွေး Share ထားတာ တွေ့တယ်။ သူကိုယ်တိုင်လည်း ချီးကျူးထားတယ်ဆိုတော့ ပျော်တာပေါ့။ ၂၀၂၀ မှာ ကစ်က ဇာတ်ကားတွေ အများကြီး ရွေးထားတယ်။ အဲဒီအထဲကမှ ဘယ်လို ဇာတ်ကားမျိုးကို ဦးစားပေးပြီးရိုက်မလဲဆိုတာ စဉ်းစားနေပါတယ်။ ပရိသတ်အတွက် အသစ်ဖြစ်မယ့် ဇာတ်ကားကို ဦးစားပေးရိုက်သွားမှာပါ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်က “ အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဝတ်မှုံရွှေရည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာလည်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူမ ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က