တတိယမြောက် သီချင်းလေးဖြစ်တယ်လို့ ဆိုပါတယ်။

လိမ္မော်သီးက ညီမငယ်လေး ဝေလာရီနဲ့ သီဆိုထားတဲ့ သီချင်းအသစ်တစ်ပုဒ်ကို ထွက်လာတော့မယ်လို့ ပြောပါတယ်။ 

Photo: Lain Maw Thee



အဆိုတော် လိမ္မော်သီးကတော့ ညီမငယ်လေးဖြစ်တဲ့ ဝေလာရီနဲ့ သီချင်းအသစ်လေး တစ်ပုဒ် ထွက်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါကတော့ တတိယမြောက်သီချင်းဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဝေလာရီနဲ့ကတော့ အခု သီချင်းလေးတွေ လုပ်ဖြစ်နေတယ်။ သီချင်းက ရပြီ အတီးပိုင်းတွေ လုပ်ရမယ်။ ပြီးရင် အပြင်ထွက်ရမယ်။ သီချင်းပုံစံလေးကလည်း ချစ်ဖို့ကောင်းတယ်။ မြူးမြူးလေးပါပဲ။ ညီအစ်မ နှစ်ယောက် အမှတ်တရလည်း ဖြစ်အောင် သီချင်းလုပ်ဖို့ စိတ်ကူးမိတာပါ။ မျက်ဝန်းညို သီချင်းဆိုပြီးတော့ သင်္ကြန်ရေ သီချင်းကို အတူတူဆိုတယ်။ (၂) ပုဒ်အတူတူ ဆိုခဲ့တယ် အခုလည်း မဆိုတာ ကြာတော့ သီချင်းအသစ် ထွက်လာဦးမယ်ပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Lain Maw Thee

ဝေလာရီရဲ့ အနုပညာလမ်းကြောင်းဟာ သူမတုန်းကလောက် အခက်အခဲ မရှိဘူးလို့ လိမ္မော်သီးက ပြောပါတယ်။ ဝေလာရီကိုတော့ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲထဲက မော် ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ 

“အငယ်လေးက အလုပ်နဲ့ ပတ်သက်ပြီး သေသေချာချာလေး ပြောပြပေးတယ်။ အခုချိန်မှာ ကြိုးစားရင် ကြိုးစားသလောက်ရမယ်။ ခက်ခဲနေတာတော့ မဟုတ်ဘူး။ ကိုယ့်တုန်းကလို ကား မရှိတာ ဆိုတာမျိုးလည်း မဟုတ်ဘူး။ သူက ဘဝလည်း နာခဲ့ဖူးတော့ အရမ်းကြိုးစားတယ်။ အခု Music Video ရိုက်မယ် ဆိုတော့ သူက ချစ်စရာကောင်းပြီးသား ကိုယ်ကလည်း နုဖတ်နေအောင် မိတ်ကပ်တွေ လိမ်းရတော့မှာပေါ့။ မိတ်ကပ် ဆရာကို တတွတ်တွတ် ပြောရမှာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Lain Maw Thee

လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ "လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ"၊ "လူမှန်" ၊ "ဒဏ်ရာနှလုံးသား" စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ "အသက်ရှင်မယ့်သူ" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က