လုံးဝကို မမျှော်လင့်ထားပဲ ရလာတဲ့ ကလေးဆိုတော့...။

မြင့်မြတ်ဟာ မထင်မှတ်ထားတဲ့ အချိန်မှာ ဒုတိယမြောက်ရင်သွေးလေး ရနေပြီဆိုတာ သိလိုက်ရလို့ အရမ်းကို Surprise ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Myat Wai Tun



မြင့်မြတ်ကတော့ ဒုတိယမြောက်ရင်သွေးလေး ရလာလို့ အရမ်းကို အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ လုံးဝ မထင်ထားတဲ့ အရာဖြစ်တာကြောင့်လည်း Surprise ဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

“မိန်းမက ကိုယ်ဝန်လွယ်ထားရပြီဆိုတော့ လုံးဝကို Surprise ဖြစ်သွားတာပေါ့။ အမှန်တကယ်တော့ ကျွန်တော်လည်း ၃ နှစ်၊ ၄ နှစ်လောက်မှ တော်တော်လေး ခြားပြီး ယူချင်တာပါ။ ဒါပေမယ့် စိတ်ကူးနဲ့ လက်တွေ့က မတူဘူးဖြစ်သွားတာပေါ့။ အခုဆိုရင်တော့ ကိုယ်ဝန်က တစ်လခွဲလောက်ရှိပြီ။ မသိခင်တုန်းက မိန်းမကိုတောင်နောက်နေသေးတာ ခဏခဏ အန်နေတော့ ဗိုက်များကြီးနေလားပေါ့။ သိလိုက်ရတဲ့အချိန်မှာတော့ အကုန်လုံးအတွက် Surprise ဖြစ်သွားတာပါ။ ဘာလေးပဲ ဖြစ်ဖြစ် ယူမှာပဲပေါ့။ကလေးကတော့ ဒီ ၂ ယောက်ပဲ ထပ်မယူတော့ဘူး” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Myat Wai Tun

မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗို တယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်ပြီးခဲ့ပါပြီ။ မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို အမြဲတွေ့နေရတတ်ပါတယ်။ 

Photo: Myat Wai Tun

မြင့်မြတ်ဟာ သားဖြစ်သူ မြတ်သူကို ပညာရေးမှာ ထူးချွန်စေချင်တယ်လို့ ဆိုပါတယ်။ စကားမပီသေးတဲ့ သားအတွက် အရွယ်ရောက်လို့ မိန်းမယူရင် နေဖို့ အိမ်တောင်ဝယ်ထားတယ်လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။ 

“ သားလေးရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ သေချာ စဉ်းစားထားပါတယ်။ ကျွန်တော့်သားတောင် မိန်းမယူပြီးရင် နေဖို့အတွက် အိမ်တောင် ဝယ်ပြီးသွားပြီ။ သူ့အတွက် မိန်းမယူပြီးရင်နေဖို့ အိမ်ဝယ်ထားပေမယ့်လည်း သူက စကားကို ၄ လုံးကွဲအောင်တောင် မပြောတတ်သေးဘူး။ အခုတော့ ပါပါး မားမား လို့ ခေါ်တတ်ပါပြီ။ ” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Media 7 နဲ့ အနုပညာရှင်များ စာချုပ်ချုပ်ဆိုတဲ့ ပွဲမှာ ဖြေဆိုခဲ့တာပါ။  

Photo: Myint Myat

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ အလုပ်အားတဲ့ရက်တွေမှာလည်း မိသားစုနဲ့ အတူတူ အပန်းဖြေစရာနေရာလေးတွေကို လျှောက်သွားဖြစ်တယ်လို့ သိရပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က