အောင်မြင်တဲ့ အာရှလူငယ်စာရင်းဝင်တစ်ယောက်ပါပဲ။

ပိုင်တံခွန်က ထိုင်းနိုင်ငံကို သွားတဲ့အချိန်မှာ အရာရာဦးစားပေးခံရလို့ ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို အောင်မြင်ခဲ့လို့လည်း ဘဝမေ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Photo: Paing Takon



ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာပါ အောင်မြင်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီလို အောင်မြင်လာတဲ့အပေါ်မှာလည်း ဘဝမေ့သွားမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ အောက်ခြေလွတ်သွားမယ့်လူထဲမှာတော့ မပါပါဘူးခင်ဗျ။ ဒါပေမယ့် အခြေအနေ အချိန်အခါအလိုက် ကိုယ့်ရဲ့ တန်ဖိုးကိုတော့ မြင်သွားရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က တစ်ချိန်က သူတောင်းစားတစ်ယောက်ဖြစ်ခဲ့မယ်၊ အခုချိန်မှာ ကိုယ်က သူဌေးတစ်ယောက်ဖြစ်နေမယ်။ သူဌေးဖြစ်တဲ့အချိန်မှာ တောင်းစားတုန်းက အခြေအနေမျိုးကို ပြန်ပြီးနေထိုင်လို့မရတော့ဘူး။ သူ့အဆင့်အတန်း၊ သူ့အပြောအဆို၊ သူ့အနေအထိုင်က အစ အကုန်ပြောင်းလဲရတယ်။ ဒါကို ဘဝမေ့သွားတယ်လို့တော့ ပြောလို့မရဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Paing Takon

ထိုင်းနိုင်ငံက ပရိသတ်တွေက ပိုင်တံခွန်ကို အသားမဲလို့ ချစ်ကြတာလို့လည်း ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကျွန်တော်က အခု ထိုင်းမင်းသားမဖြစ်သေးပါဘူး။ အခုက ကုလားမင်းသားဖြစ်နေတာ။ ထိုင်းနိုင်ငံကို သွားတော့ ကျွန်တော် သူတို့ကို မေးကြည့်တယ်။ ကျွန်တော့်ကို ဘာလို့သဘောကျတာလဲပေါ့။ အသားမဲလို့ကြိုက်တာတဲ့။ နင်သာဖြူရင် နင့်ကို ဘယ်သူမှမကြိုက်ဘူးတဲ့ပြောတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

Photo: Paing Takon

ပိုင်တံခွန်က ထိုင်းနိုင်ငံကို သွားတဲ့ အချိန်မှာ စိတ်ချမ်းသာစရာတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးစားပေးကြလွန်းလို့လည်း ဝမ်းသာတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက မှောင်တိုက်ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သူတို့နိုင်ငံရောက်တုန်းကဆိုရင် သူများတွေထက် အရမ်းဦးစားပေးခံခဲ့ရတယ်။ ဥပမာ စားသောက်ဆိုင်ထဲသွားမယ်ဆိုရင်တောင်မှ ကိုယ့်အတွက်နေရာ သီးသန့်လေးက အစပေါ့နော်။ အကုန်ကောင်းတယ်ဗျာ။ အကုန်လုံးထဲမှာမှ အရှေ့ဆုံးမှာထားပြီးတော့ ဦးစားပေးခံထားရတာ အဲဒါလေးတစ်ခုတော့ ဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က