ဘာဖြစ်ရမယ်၊ ဘယ်လို လူမျိုးမှ ဆိုပြီး မသတ်မှတ်ထားဘူး။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိထားတဲ့ ရှင်မွေလရဲ့ အချစ်ရေးအကြောင်း တစေ့တစောင်းကို ပြောပြပေးမယ်နော်။ ဘယ်လိုကောင်မလေးမျိုးမှ ချစ်သူတော်မယ်လို့ မသတ်မှတ်ထားပါဘူးတဲ့။ 

Photo:Shin Mwe La



သော်သော်စစ် ဆိုတဲ့ ကာရိုက်တာက စလို့ ပရိသတ်အချစ်ကို ဖမ်းယူနိုင်ခဲ့တဲ့ သရုပ်ဆောင် ရှင်မွေလ ကတော့ လက်ရှိမှာ မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူကိုယ်တိုင် ခံယူထားတဲ့ အချစ်ရေးအကြောင်းကိုလည်း မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ 

“အချစ်ဆိုတာ လူတစ်ယောက်အတွက်က အရေးကြီးတာပေါ့။ လူတိုင်းက နှလုံးသားနဲ့ တည်ဆောက်ထားကြတာပါ။ အားလပ်ရက်တွေမှာဆိုရင် အပြင်လေးလျှောက်သွားတာမျိုး၊ ကော်ဖီဆိုင်လေးထိုင်တာမျိုး လုပ်ရတာလည်း အပန်းဖြေမှုတစ်ခုပဲလေ။ ချစ်ခြင်းတရားဆိုတာ ကောင်းတဲ့အရာပါ။ လူတိုင်းမှာလည်း ရှိသင့်ပါတယ်။ အရေးလည်းကြီးပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo:Shin Mwe La

ရှင်မွေလက အခုချိန်မှာ အနုပညာအလုပ်တွေ တော်တော်များများ လုပ်ဆောင်လာရသူဖြစ်ပါတယ်။ အချစ်ရေးထက် အနုပညာအလုပ်တွေကို ပိုဦးစားပေးနေတယ်လို့ ဆိုပါတယ်။ 

“ တစ်ယောက်တည်းနေရတာက လူတိုင်းကတော့ အထီးကျန်မှာပဲလေ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကလည်း အလုပ်တွေက တောက်လျှောက်မအားဘူးလေ။ ရန်ကုန်မှာ နေတဲ့အချိန်ကတောင် နည်းတယ်။ အမြန်လမ်းမှာချည်းပဲ သွားနေရတာ များတယ်။ မချစ်တတ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း ချစ်တတ်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo:Shin Mwe La

အချစ်ရေးနဲ့ပတ်သက်လာရင် မိန်းကလေးတစ်ယောက်ကို စည်းဘောင်တွေနဲ့ သတ်မှတ်မှာ မဟုတ်ဘူးလို့လည်း ရှင်မွေလက ပြောပါတယ်။ 

“ ချစ်သူထားမယ် ဆိုရင်လည်း ဘယ်လို ကောင်မလေးမျိုးမှ ဆိုတာကို ကျွန်တော် မတွေးထားပါဘူး။ ကိုယ့်စိတ်ကူးထဲမှာ ရှိတဲ့ အတိုင်းပဲကိုယ်သွားမယ်။ ဒီကောင်မလေးကို ကိုယ်ကြိုက်တယ်ဆိုရင် ကြိုက်တယ်ပဲ။ ဟိုလို ပုံစံဖြစ်မှ ဒီလို ပုံစံဖြစ်မှ ဆိုတာမျိုးတွေက ဘောင်ခတ်ထားသလို ခံစားရတယ်။ ဒီလိုမျိုးကိုလည်း အချစ်လို့ မခံစားမိဘူး။ အရာအားလုံးက ကံတရားအပေါ်မှာ မူတည်တယ်။ ဖြစ်လာတဲ့အတိုင်းလေးပဲ သွားမှာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo:Shin Mwe La

ရှင်မွေလ ကို ပရိသတ် သိစေခဲ့တဲ့ ကာရိုက်တွေကတော့ ကျိန်စာပြယ် ဒဏ္ဍာရီ ဇာတ်လမ်းတွဲထဲက “ သော်သော်စစ် ”၊ ပျားရည်အိုင် ဇာတ်လမ်းတွဲထဲက “ ဖေမြိုင် ”၊ နှင်းဆီဇာတ်လမ်းတွဲထဲက “ ဇော် ”၊ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲထဲက “ စွမ်းရည် ” စတဲ့ ကာရိုက်တာတွေဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသူပါ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေးပရိသတ်က ပိုများပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က