Myanmar idol (Season 2) ပြီးကတည်းက ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

မိုင်းမိုင်ဆိုင်းဟာ ဂီတလောကမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့အရာတွေက ဝေဖန်တိုက်ခိုက်သူတွေရဲ့ အပြောအဆို ခံရဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Photo: Mai Mai Seng



ဂီတလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်းကြိုးစားနေရတာဖြစ်တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေကို အာရုံမစိုက်နိုင်တော့ဘူးလို့ မိုင်းမိုင်ဆိုင်း ကပြောပါတယ်။ သူမကို နှိမ့်ချ ပြောဆိုခဲ့တဲ့ သူေ တွလည်း ရှိခဲ့ဖူးတယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ 

“ကိုယ်က အနုပညာအလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် ဝေဖန်တိုက်ခိုက်တာကတော့ရှိမှာပဲ။ တချို့ကပြောတယ် မိုင်းမိုင်ဆိုင်း နင် ဒီလောက်တိုက်ခိုက်မှု မခံနိုင်ရင် အနုပညာအလုပ် မလုပ်နဲ့လို့ ပြောကြတာတွေလည်းရှိတယ်။ ကိုယ်ပြန်ပြောချင်တာက လည်း ဝေဖန်တိုက်ခိုက်မှုခံရဖို့ အနုပညာအလုပ် လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ထိန်းချုပ်တတ်တဲ့သူနဲ့ မထိန်းချုပ်တတ်တဲ့သူ နှစ်မျိုးရှိတယ်။ ကိုယ်က မထိန်းချုပ်တတ်တဲ့သူဖြစ်တဲ့အတွက် အနည်းနဲ့ အများတော့ ဝေဖန်တိုက်ခိုက်ခံနေရဦးမှာပဲ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က Myanmar idol သီချင်းဆိုဖျော်ဖြေပွဲကို တက်ရောက်ရင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo: Mai Mai Seng

အဆိုတော် မိုင်းမိုင်ဆိုင်း ကတော့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူမအတွက်တော့ ပရိသတ်တချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။ သူမဟာ Myanmar idol နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် တုံ့ပြန်ပြောဆိုခဲ့တာတွေကြောင့် ပရိသတ်တော်တော်များများရဲ့ အမြင်မကြည်တာတွေ ကြုံခဲ့ဖူးတဲ့အကြောင်းပြောလာပါတယ်။ 

“ကိုယ်ကိုယ်တိုင်က မှားနေတဲ့အရာတစ်ခုကို လက်သီးလက်မောင်းတန်းပြီး ဘယ်တော့မှ မပြောပါဘူး။ ကိစ္စတော်တော်များများ မှန်တယ်လို့ ထင်တဲ့အရာတွေမှာတော့ ဝင်ပြောမိပါတယ်။ ကိုယ့်ကို ဝိုင်းဆဲလိုက်ပြီ၊ ဂယက်ထလိုက်ပြီဆိုရင် idol မိသားစုအတွင်းထဲမှာပဲ ဖြစ်တဲ့ ပြဿနာကိုပဲ အဆဲခံရတယ်၊ အပြောခံရတယ်ပေါ့နော်။ ဒါကိုလည်း စိတ်ထဲမထားပါဘူး ချစ်တဲ့သူကတော့ ချစ်မှာပဲ၊ ဝေဖန်တိုက်ခိုက်တဲ့ သူကတော့ ဝေဖန်တိုက်ခိုက်မှာပဲ” လို့ သူကဆိုပါတယ်။ 

Photo: Mai Mai Seng

မိုင်းမိုင်ဆိုင်းဟာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပတ်သက်လာရင် မဟုတ်မခံတတ်တဲ့ စိတ်ဓာတ်ရှိတယ်လို့ သိရပါတယ်။ သူမက အခုလက်ရှိမှာတော့ Myanmar idol (Season 2) ပြိုင်ပွဲတုန်းက သူငယ်ချင်းတွေနဲ့ ပိုပြီး အတွဲများပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့ သူမကို နယ်ဖျော်ဖြေရေးတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူမရဲ့ ဂီတမှတ်တိုင်တစ်ခုဖြစ်တဲ့ တစ်ကိုယ်တော် အခွေထွက်ဖို့ကိုတော့ ကြိုးစားပြင်ဆင်နေတုန်းပဲလို့ သိရပါတယ်။ သူကိုယ်တိုင်သီဆိုထားတဲ့ “ဒီဘဝ ဒီမျှ” ၊ “အကြင်နာမပျက်” စတဲ့ Single Song လေးတွေ ထွက်ရှိထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: Mai Mai Seng

မိုင်းမိုင်ဆိုင်းကတော့ Myanmar idon (Season-2) ရဲ့ Top-4 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီးသီချင်းတွေကိုအသံပါဝါအား ကောင်းကောင်းနဲ့သီဆိုနိုင်တဲ့သူဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့ကြပါတယ်။ သူမဟာ ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး ဂီတကို ရူးသွပ်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က