သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။
Sabal Thwin

မင်းသွေးခန့်ကတော့ ဝေဖန်လာတဲ့ စကားတွေကနေတဆင့် ကောင်းတဲ့အချက်လေးတွေကို မှတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တယ်လို့ ဆိုပါတယ်။ 

Photo: E

မင်းသွေးခန့်ကတော့ လက်ရှိမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ လူငယ်သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်လာကတည်းက ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါလို့ Duwun Media အင်တာဗျူး မှာ ဖြေဆိုခဲ့ပါတယ်။ 

" ဝေဖန်တာကတော့ ကိုယ် ဘာပဲလုပ်လုပ် ဝေဖန်တိုက်ခိုက်ချင်တဲ့သူတွေကတော့ ရှိတာပဲ။ ဒါက လူတိုင်းမှာ ရှိမှာပါ။ လူတစ်ယောက်က ကြိုးစားတယ်။ တဖြည်းဖြည်းနဲ့ နေရာလေး ရလာတယ်။ လူသိများလာတယ် ဆိုရင် ဘယ်လောက်ပဲ ကိုယ်က လူချစ်လူခင် ပေါအောင် နေနေ၊ ဘယ်လိုပဲ Perfect ဖြစ်အောင်နေနေ စည်းစနစ်ကျအောင်နေနေ ဝေဖန်တဲ့သူတွေက ရှိမှာပဲဆိုတော့ စိတ်ထဲ သိပ်မထားဘူး။ တချို့စကားတွေ ကျတော့ ကိုယ်ကိုယ်တိုင်က အစပြန်သုံးသပ်ရတာပေါ့" လို့ သူက ဆိုပါတယ်။ 

Photo: Min Thway Khant

မင်းသွေးခန့် အနေနဲ့ သူ့အပေါ် ဝေဖန်လာတဲ့အကြောင်းအရာတွေကို ပြန်လည်တုံ့ပြန်တာမျိုး မတွေ့ရပါဘူး။ ဒီလိုဝေဖန်မှုတွေထဲကနေ သူ့အတွက် ကောင်းမယ့်အရာလေးတွေကို မှတ်ယူတယ်လို့ သူကဆိုပါတယ်။ 

" ကျွန်တော်က ဖြစ်လာသမျှ အရာရာကို အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့လူပါ။ ဘာသာရေးမှာလည်း တော်တော်များများက အဲဒီလိုပဲ သင်ထားတာပါ။ မိဘတွေကလည်း ကောင်းတဲ့ အရာတွေပဲ တွေးဖို့ ခေါင်းထဲရိုက်ထည့်ပေးထားတာ။ သူတို့ တိုက်ခိုက်တယ် ဆိုလည်း တိုက်ခိုက်ပေါ့ ဒါကို ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာ နောက်တဆင့် ကောင်းဖို့အတွက် ပြောတာ၊ တစ်ခဏတော့ စိတ်ဓာတ်ကျသွားတာပေါ့နော်။ ဒါပေမယ့် တစ်ခါစိတ်ဓာတ်ကျသွားပြီးရင် နောက်တစ်ခါ ပိုပြီး Strong ဖြစ်သွားတယ်လို့ပဲ သတ်မှတ်ထားပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: E

မင်းသွေးခန့်ကိုတော့ အဆိုတော် Ar-T သီဆိုထားတဲ့ " Slient" သီချင်း MTV ၊ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က