ရုပ်ရှင်အတူရိုက်ခွင့်ရတော့ အရမ်းပျော်တယ်။

ကောင်းမြတ်စံကတော့ ဖွေးဖွေးဆီက အတုယူရတဲ့ အရာတွေရှိတယ်လို့ ဆိုပါတယ်။ 

Photo: Preal



သရုပ်ဆောင် ကောင်းမြတ်စံကတော့ ပြည်တွင်းမှာ အားကျရတဲ့ အနုပညာရှင်ကတော့ အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးလို့ သိရပါတယ်။ ဖွေးဖွေးအပေါ် သူမြင်ရတဲ့ အားသာချက်လေးတွေရှိတယ်လို့လည်း Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်က မဖွေးကို အရင်တုန်းကတည်းက သဘောကျတာ။ သူ့ရဲ့ အားသာချက်တစ်ခုက မင်းသမီးဆိုပြီးတော့ အပြင်မှာ ချေပြီးနေတာမျိုးမရှိဘူး။ အလုပ် လုပ်စရာရှိပြီဆိုရင်လည်း အလုပ်ကို တာဝန်ကျေအောင် သူလုပ်တယ်။ အလုပ်နဲ့ လူမှုရေးကိုလည်း ခွဲခြားထားတယ်။ သူ့ရဲ့ Life Style လေးကို ကျွန်တော် သဘောကျတယ်။ အခု ရုပ်ရှင်အတူတူရိုက်ခွင့်ရတယ်ဆိုတော့ အရမ်းပျော်တယ်။ သူက ကျွန်တော့် idol တစ်ယောက်ပါပဲ” လို့ သူကဆိုပါတယ်။ 

Photo: Dynasty

လက်ရှိမှာတော့ ကောင်းမြတ်စံဟာ ဖွေးဖွေးနဲ့အတူ “ရွှေဖူးစာ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက စပြီးရိုက်ကူးနေတာပါ။ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးတာဖြစ်ပြီး ကောင်းမြတ်စံ၊ ဖွေးဖွေး နဲ့ အတူ ပိုင်တံခွန်နဲ့ ယွန်းဝတီလွင်မိုးလည်း ပါဝင်ပါတယ်။ ဇာတ်ကား အမျိုးအစားလေးကတော့ တောရွာဟာသဇာတ်ကားလေးဖြစ်တယ်လို့ သိရပါတယ်။ 

Photo: Kaung Myat San

ကောင်းမြတ်စံဟာ ဖွေးဖွေးဆီက အတုယူရတဲ့ အရာတွေရှိတယ်လို့ ဆိုပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် ဖွေးဖွေးရဲ့ စိတ်နေစိတ်ထားကို သဘောကျလေးစားမိတယ်လို့လည်း သူက ပြောပါတယ်။ 

“ သူ့ဆီက အတုယူမိတာကတော့ အလုပ်အပေါ်ထားတဲ့ စိတ်ဓာတ်၊ သရုပ်ဆောင်မှုတွေ ဒါကတော့ မိန်းကလေး သရုပ်ဆောင်တာနဲ့ ယောကျ်ားလေး သရုပ်ဆောင်တာ မတူဘူးလေ။ အဓိက ကတော့ အလုပ်ကို လေးစားတဲ့ စိတ်ဓာတ်လေးကို လေးစားတယ်။ ကျွန်တော်တို့ ဇာတ်ကားမရိုက်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတဲ့ အချိန်မှာလည်း သူက ဒါရိုက်တာနဲ့ အတူ လိုအပ်တာတွေကို သေသေချာချာ တိုင်ပင်နေတာ တွေ့ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က “ရွှေဖူးစာ”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က