အဖေတို့က ငွေကြေးမချမ်းသာဘူး။
Sabal Thwin

သရုပ်ဆောင် အောင်သော်ရဲ့ သမီးဖြစ်သူ ဂျူးဂျူးသော်ကတော့ ရွှေကြို အယောက်(၅၀) စာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အောင်သော်ကိုယ်တိုင်ကလည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

ဟာသသရုပ်ဆောင် လူရွှင်တော် အောင်သော်ရဲ့ သမီးကြီး ဂျူးဂျူးသော် ကတော့ ရွှေကြိုပြိုင်ပွဲယှဉ်ပြိုင်ခဲ့ ရာ နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူ အောင်သော်ကလည်း စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ 

“အဖေတို့က ငွေကြေးမချမ်းသာဘူး။ အကပ်မကောင်းဘူး။ Sponsor...မရှိဘူး။ သမီးလေးရယ်...Fighting...ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အောင်သော့်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ထပ်တူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို Comment တွေကနေတဆင့် ရေးသားခဲ့ပါတယ်။ 

အဲဒီနောက် ရွှေကြိုပြိုင်ပွဲဝင်ပြိုင်ခဲ့တဲ့ အောင်သော့်ရဲ့ သမီးဖြစ်သူ ဂျူးဂျူးသော် ကိုယ်တိုင်ကလည်း အရမ်းခံစားနေရတယ်လို့ ဆိုပါတယ်။ ဂျူးဂျူးသော်ဟာ ရွှေကြို ပထမအဆင့်ရွေးချယ်တဲ့ လူ အယောက် ၈၀ ထဲမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ 

“သမီး အယောက် ၅၀ ထဲမပါသွားတဲ့အတွက် စိတ်မကောင်းလဲဖြစ်မိ ပါတယ်။ နောက်ထပ်လဲ အများကြီးပိုကြိုးစားသွားပါမယ်။ သမီးကိုဝိုင်းဝန်းကူညီ support လုပ်ပေးကြတဲ့သူများ အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

အောင်သော်ကိုတော့ ပရိသတ်တွေက Five Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတာ တွေ့ရပါတယ်။ ဂျူးဂျူးသော်ဟာ လူရွှင်တော်၊ ဟာသသရုပ်ဆောင် အောင်သော်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်လို့လာပါပြီ။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုမှ စတင်ဆောင်ရွက်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတာတွေရှိတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က