အစ်ကို ကတော့ စိတ်ဓာတ်ခိုင်မာဖို့ ပြောပြထားပါတယ်။

ရွှေစင်ဝင်းကိုဟာ ရွှေကြိုမှာ ပထမအကြိမ်ဆန်ခါတင်စာရင်းထဲတောင် မပါခဲ့တာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ပြောပါတယ်။ အစ်ကိုဖြစ်သူ ဟိန်းဝေယံကတော့ အနိုင်အရှုံးအတွက် စိတ်ဓာတ်ခိုင်မာဖို့ သေချာသင်ပေးထားပါတယ်တဲ့။  

သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမငယ်လေး ရွှေစင်ဝင်းကိုကတော့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တစ်ယောက်ဖြစ်ဖို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကတော့ ပထမအဆင့် ရွေးချယ်လိုက်တဲ့ ရွှေကြို အယောက် (၈၀) စာရင်းမှာ ပါဝင်ခွင့်မရခဲ့လို့ စိတ်မကောင်းဘူးလို့Duwun Media ကို ပြောပြခဲ့ပါတယ်။ 



“ ရွှေကြို အယောက် ၈၀ မှာ ညီမ မပါခဲ့ပါဘူး။ အဲဒီအတွက် အရမ်းဝမ်းနည်းနေပါတယ်။ အရမ်းကြီး မျှော်လင့်မထားပါဘူး။ အစ်ကိုကလည်း ပြောတယ် ယှဉ်ပြိုင်ခြင်းကသာ အဓိက ပါပဲတဲ့။ အောင်မြင်တာ၊ ရှုံးနိမ့်တာ၊ ပါတာ မပါတာတွေထက် ကိုယ့်ရဲ့ စိတ်ကို ဘယ်လို ထားရမယ် ဆိုတာကို သေချာ ပြောပြထားတဲ့အတွက် အဆင်ပြေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Kyaw Swar Htut

သူမအနေနဲ့ ရွှေကြိုပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်ဖို့ အခွင့်အရေးတွေ ပိုများတာကြောင့် ရွှေကြို ဝင်ပြိုင်ဖြစ်ခဲ့တာလို့ ရွှေစင်ဝင်းကို က ပြောပါတယ်။ ဒီနှစ် ရွှေကြိုပြိုင်ပွဲကလည်း ထူးခြားတယ်လို့ သူကပြောပါတယ်။ 

“ စိစစ်ကြီးကြပ်တဲ့ ဒိုင်တွေကလည်း သေချာရွေးချယ်လိုက်တာ ဖြစ်တဲ့အတွက် ကောင်းမှာပါ။ အရင်တုန်းကဆိုရင် အနုပညာအလုပ်ကို လုပ်မယ်ဆို ဘယ်ကနေ စလုပ်ရမလဲဆိုတာ မသိကြဘူး။ အခုက Voting စနစ်ရယ်၊ အပြင်လူတွေ ပါတဲ့အတွက်ကြောင့်မို့လို့ ရွှေကြိုကနေတဆင့် အနုပညာလောကထဲကိုဝင်ဖို့ အခွင့်အရေးတွေ ရလာပြီဖြစ်တဲ့အတွက် အရမ်းကောင်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Shwe Sin Win Ko

ရွှေစင်ဝင်းကို ဟာ သူမအတွက်တော့ အခုယှဉ်ပြိုင်ခဲ့တဲ့ ရွှေကြိုပြိုင်ပွဲဟာ ပထမဆုံး ယှဉ်ပြိုင်ဖူးတဲ့ ပွဲပါ။  ကိုယ်တိုင်ကြိုးစားခဲ့တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် မိသားစုတွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

“ ညီမက တခြားပြိုင်ပွဲတွေလည်း ဝင်မပြိုင်ဖြစ်ဘူး။ ဒါ ပထမဆုံးပြိုင်တဲ့ ပြိုင်ပွဲပါ ဒါပေမယ့် အယောက် ၈၀ ထဲမပါတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပြိုင်ပွဲကိုလည်း ကိုယ်တိုင်က ပြိုင်ချင်လို့ ကြိုးစားခဲ့ရတဲ့ ပွဲဖြစ်တာကြောင့် သူတို့လည်း ညီမအတွက် စိတ်မကောင်းဖြစ်မှာပါ။” ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရွှေကြို အယောက် ၈၀ ရွေးချယ်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

ရွှေစင်ဝင်းကို(Shwe Sin Win Ko)ကိုလည်း ဟိန်းဝေယံရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ၊ ခန္ဓာကိုယ်လှလှလေးနဲ့ ဆံပင်ရှည်ရှည်လေးဖြစ်လို့ သူမကို ဝန်းရံပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ အနုပညာအလုပ်တွေကိုလည်း တဖြည်းဖြည်းဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က