ရုပ်ရှင်အစည်းအရုံးက ရန်ပုံငွေရှာတာဆိုရင်တော့...။

မင်းမြတ်စိုးစံကတော့ နိုင်ငံတကာက ရုပ်ရှင်ဆုပေးပွဲတွေမှာ ရွှေကြို ဆိုတာ မရှိဘူး၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြိုတွေကို ခမ်းခမ်းနားနား Roal တင်ပေးစရာမလိုတဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Min Myat Soe San



သရုပ်ဆောင် မင်းမြတ်စိုးစံကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီရွှေကြို ရွေးချယ်ပွဲကြီး ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်စကားဆိုလိုက်ပါတယ်။ ရွှေကြို ရွေးချယ်မှုအတွက် ခမ်းနားတဲ့ပွဲကြီးတွေ လုပ်ပေးစရာ မလိုတဲ့ အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော် ပြောချင်တာက ရွှေကြိုကို အဲဒီလောက်ကြီး Roal တင်ပြီးတော့ ခမ်းခမ်းနားနား လုပ်ပေးရမယ့်အကြောင်းမရှိဘူးလေ။ ဗန်းကိုင်က ဗန်းကိုင်နေရာမှာ ထားရင်တော်ပြီ။ ပြီးတော့ လူတစ်ယောက်ကိုသွားကြိုမယ်၊ အချိန်တွေကြာမယ်၊ ပြီးရင် ပြန်ကြိုလာမယ်ပေါ့။ ဥပမာ ချိနဲ့နေတဲ့လူမျိုး၊ အသက်ကြီးနေတဲ့ လူမျိုးဆို တစ်မျိုးပေါ့။ ဘာမှမဆိုင်ပဲနဲ့ ဘေးနားမှာ ဗန်းလေးကိုင်ပြီးတော့ အချိန်အကြာကြီးတွေယူနေတာက အကယ်ဒမီပေးပွဲကို နှောင့်နှေးစေတယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Min Myat Soe San

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နဲ့ နိုင်ငံတကာက ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တို့ကိုလည်း မင်းမြတ်စိုးစံက နှိုင်းယှဉ်ပြောပြလာပါသေးတယ်။ ဗန်းကိုင်ဆိုင်တာ နိုင်ငံတကာ ဆုပေးပွဲတွေမှာ မရှိတော့ဘူးလို့ ဆိုပါတယ်။ 

“ နိုင်ငံတကာမှာ အခုလို ဗန်းကိုင်ဆိုတာ မရှိဘူူး။ ရှိရင်တောင်မှ ခဏပဲပေး၊ ပြီးရင် ဆင်း သွား ရော၊ တော်တော်များများနိုင်ငံတွေမှာတော့ ဒါ မရှိကြတော့ဘူး။ ကိုရီးယားတို့၊ တခြားနိုင်ငံတို့မှာဆိုရင် တက်ပေးတယ် ယူတယ်၊ ပြီးရင် ဆင်းသွားရော၊ တချို့ဆိုရင် ဆုကို တစ်ခါတည်းယူလာတာ။ ဗန်းကိုင်ကို အခုလို Roal တင်ပေးစရာ အကြောင်းကို မရှိဘူးလို့ထင်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ညက Player ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Min Myat Soe San

မင်းမြတ်စိုးစံဟာ ဗီဒီယိုဈေးကွက် ပျက်စီးသွားတာကြောင့် ပွဲအခမ်းအနားတွေလုပ်ပြီး ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေ ရှာနေတာဆိုပြီးတော့လည်း သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို အင်တာဗျူးတွေမှာ ပြောသွားခဲ့ပါသေးတယ်။  

“ ကျွန်တော် တွေးမိတာကတော့ ဗီဒီယို လောကလည်း တဖြည်းဖြည်း ပျက်စီးသွားတယ်၊ ရုပ်ရှင်လောကလည်း တဖြည်းဖြည်း ပျက်စီးလာတဲ့အတွက်ကြောင့် သူတု့ိတွေရန်ပုံငွေလျော့နည်းလာတယ်။ အဲဒီအတွက် အနုပညာသမားလို့တောင် သတ်မှတ်လို့ မရသေးတဲ့ ကလေးတွေဆီက ပိုက်ဆံတွေ ယူပြီးတော့ အနုပညာအတွက်ပါဆိုပြီးတော့ ရန်ပုံငွေရှာရတာဆိုရင် ဒါက ရုပ်ရှင်သမိုင်းကို ညစ်နွမ်းစေတယ်၊ အမည်းစက် ထင်စေတယ်လို့တောင် ကျွန်တော်မြင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Min Myat Soe San

မင်းမြတ်စိုးစံကတော့ အနုပညာလောကထဲကို "မင်းလူလူ" ဆိုတဲ့ နာမည်နဲ့ မော်ဒယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Mister ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီနောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဂီတကိုဝါသနာပါတဲ့သူဖြစ်တာကြောင့်လည်း ၂၀၁၅ ခုနှစ်မှာ "မျှော်လင့်ချက် အလင်းတန်း" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က