သူက အခု တော်တော်ရင့်ကျက်လာပါပြီ။

ဒါရိုက်တာ ကျော်ဇောလင်းကတော့ ဆရာတွေရဲ့ ဆုံးမစကားကို နာခံတတ်တဲ့ တပည့်ဖြစ်သူ ရွှေမှုံရတီအကြောင်းပြောပြလာပါတယ်။ အခုဆိုရင်တော့ ရွှေမှုံက ရင့်ကျက်သူတစ်ယောက် ဖြစ်နေပါပြီတဲ့။

Photo: Zay Ya



ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကတော့ တပည့်ဖြစ်သူ ရွှေမှုံရတီရဲ့ ပြောင်းလဲလာ မှုတွေကို ပြောပြခဲ့ပါတယ်။ ရွှေမှုံရတီဟာ လူကြီးတွေရဲ့ စကားကို လိုက်နာတတ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ရွှေမှုံရတီက လူကြီးသူမတွေရဲ့ စကားကို နာခံတတ်တယ်။ ဖြတ်ထိုးဉာဏ်၊ သူ့ရဲ့ မွေးရာပါ ပါရမီ ကလည်း မှတ်သားရလွယ်တယ်။ ပြီးတော့ သူက ချက်ချင်းသဘောပေါက်လွယ်တယ်။ ဒီလိုပဲ တဖြည်းဖြည်းနဲ့ ဖြတ်သန်းလာတယ်ပေါ့။ သူပြောင်းလဲနေတာတွေလည်း တော်တော်ကြာပါပြီ။ ပြန်တွေ့တဲ့အချိန်တွေမှာလည်း သူ့ကို သိပ်မပြောပြစရာမလိုတော့ဘူး၊ ဒါတွေက သူ့ရဲ့ ပြောင်းလဲလာမှုတွေပေါ့။ အခုလည်း သူက လူကြီးနေရာ ယူနေရပြီဆိုတော့ ပိုပြီးတော့ ရင့်ကျက်လာမှာပေါ့” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က “ဆန္ဒထုတ်ဖော်မယ်” ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဒါရိုက်တာ ကျော်ဇောလင်း ကတော့ ရွှေမှုံရတီကို ကာရိုက်တာဆန်းဆန်းလေးနဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း တပည့်ဖြစ်သူကို ကလေးမယူပါနဲ့ဦးဆိုပြီးတော့ မေတ္တာရပ်ခံထားတယ်လို့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါသေးတယ်။

“ အခုလက်ရှိမှာလည်း ရှားပါးနေတဲ့ မင်းသား၊ မင်းသမီးသရုပ်ဆောင်တွေ အခြေအနေတစ်ခုမှာ ရိုက်လို့ရတဲ့ ဇာတ်လမ်းအပေါ်မှာ လိုက်ဖက်တဲ့ သရုပ်ဆောင်ကလည်း ရှိဦးမှကို။ ရှိနေတဲ့ သရုပ်ဆောင်တွေကလည်း အချိန်ရှိဦးမှကိုး။ ခုနက သူနဲ့ရိုက်မယ့် ဇာတ်ကားတစ်ကားရှိတယ်။ အဲဒီဇာတ်ကားထဲက ဇာတ်ကောင်အရ သူ့ကိုပဲ ကျွန်တော်က တန်းမြင်တာ။ မင်းသမီးတစ်ယောက်လုပ်ရမယ့် ပုံစံလေးတွေက သူနဲ့လိုက်တယ်။ အဲဒါကြောင့် ကလေးယူဖို့ ကိစ္စကို ခဏထားဦးနော်လို့ မေတ္တာရပ်ခံထားပါတယ်” လို့ဆိုပါတယ်။

Photo: Aung Khaing

ရွှေမှုံရတီကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြ စ်ပါတယ်။ ပေးအပ်လာတဲ့ ကာရိုက်တာတိုင်းကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လို့လည်း ပရိသတ် အားပေးမှုကို တစ်ခဲနက် ရရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယို ဇာတ်ကားတွေနဲ့ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသူပါ။ အခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ရွှေမှုံရတီလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Photo: Tun Tun

ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ကတော့ ဟာသရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဒရာမာရုပ်ရှင်ဇာတ်ကား ကြီးတွေကို အကောင်းဆုံး ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ “ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က